နေများ နေလိုက်တော့မဟဲ့!လို့ ကြွေးကြော်လိုက်ပုံများ လည်ပင်းကြောကို ထောင်လို့နေတာကလည်း ကျုပ်ပဲ.... သတင်းစကားလေးတစ်စ နား နားထင့်ကပ်ရင်ဖြင့် မျောက်များ အစိမ်းကပ်သလို လွန့်လွန်လူးနေတာလည်း ကျုပ်ပါပဲ.... တစ်ကယ်တော့ ကျုပ်အဖြစ်က သေစာရှင်စာ မဟုတ်တဲ့ ပစ်ထားလည်း သေနေရတဲ့ အနာ ထိကြည့်လည်း အဟောင်းတိုင်းရှိနေတဲ့ အနာ သေနာရှင်နာပဲဆိုကြပါစို့... မရှိ ရှိတဲ့ အချစ်တစ်ဖဲ့ကို တစ်ဖက်တည်း အားရပါရသတ်နေတဲ့ သံယောဇဉ်နဲ့ အိုးကင်းပူတိုက်နေရင်း ဝဠ်ကြွေးအစာအိုကို သိသိနဲ့ ကိုယ့်ကိုကိုယ်လိမ်ကျွေးနေလိုက်တာများ ပါးစောင်ထောင့် ကပ်လို့ ဝါးတုန်း..... ဪ....... တစ်ချက်တစ်ချက် အောင့်သတ်သတ်ဝေဒနာကလေး ရင်ဝတည့်တည့်က အရှိန်ပြင်းပြင်း အာနိသင် ပြခါမှသာ မျက်ရည်စမ်း လွမ်းနေဆဲ ဇာတ်မျိုးပါလား
Posts
Showing posts from August, 2020