ဇစ်မြစ်ရင်းကို အကြောင်းခံလို့များ မြေလှန်တွေးချင့်ရမည် ဆိုရင်တော့ဖြင့် သမဝါယမပေးတဲ့ဆန်ညံ့ တန်းစီစားရင်း အားမွေး ဝမ်းလွယ်ခဲ့ရတဲ့ မာတာမိခင်ကို ဝမ်းရည်စက်စေမလား အရည်အသားတိုးမလာတဲ့ ခန္ဓာအား ပြည့်တင်းအောင် ခွံ့ခဲ့ရတဲ့ လက်ကြမ်းနဲ့ ပညာရေးဆိုတဲ့ ငွေခင်းတဲ့လမ်းကို အဆုံးထိ တစ်ရွတ်တိုက်တိုက် လျှပ်တိုက်တိုက် ဆွဲခေါ်စေခဲ့တာ ခက်ခဲနိုင်လွန်းခဲ့မယ်ဆိုသော် ယုံမှား သံသယဖြစ်ဖွယ်မရှိ ရေဖြန်းလို့မှ လန်းမလာတဲ့ ညာဏ်သေကို ဇွဲနဘဲသန်သန် တွန်းတိုက်ကြိုးစားကူညီလို့မှ ပညာတက်ဆိုတဲ့ ဆိုင်းဘုတ်ကလေးဆွဲနိုင်ခဲ့တာဟာလည်း ကာယအား ဉာဏအား အသက်တစ်ဝက်စာ သွန်ခဲ့ရပြီမဟုတ်လား ထိုထိုသောကာလများတွင် မိမိတို့သမိုင်းမှာ နာမည် မှင်တစ်စတောင် စွန်းခဲ့ဖူးခြင်းမရှိတဲ့ ချစ်သူရည်းစားအမည်ခံ ပုဂ္ဂိုလ်ထူးသော်မှ မိုးကျရွှေကိုယ်လုပ်လို့ အခုတော့ဖြင့် သင်းမရှိရင် သေရပါစေ့မယ် လွမ်းလွန်းလို့မချိပါပြီတဲ့ ဆိုရအောင် ကိုယ်သည် အချစ်စား အားရှိနေတဲ့လူမဟုတ်ပါ ဘယ်သို့သောလူက အချိုကုန်တဲ့ပီကေကို ပါးစောင်မှာ တယုတယ ထွေးပါမည်နည်း ကိုယ်သည် ပီကေသာသာ မဟုတ်ပါ #petethou
Posts
Showing posts from October, 2020
- Get link
- X
- Other Apps
အရင့် အရင်က မိုးလေဝသ သတင်းဆိုရင် ဘဲခေါင်းစိမ်းရောင် လုံချည်ခါးချိတ်ပြီး သက်တံ့လို မျက်နှာချေရောင်စုံလူးထားတဲ့ အမျိုးသမီးတစ်ဦး မြေပုံချပ်ကားကြီး နောက်ခံထားလို့ ရေပတ်မဝင်အောင် ပြောဆိုနေတာလွဲရင် သိခဲ့ရိုး စိတ်ဝင်စားခဲ့ရိုး မရှိတာအမှန်ပါ အခုတော့ဖြင့် စနေထောင့်လေးများ စွေနေပြီလား တိမ်သားလေးများ ညို့နေပြီလား စိတ်ဝင်စားရတာ အမော စိတ်မဝင်စားလို့လည်း မရပေဘူးလေ မိုးရေချိန်လက်မနဲ့ ကော်ပန်းကန်ပြားပေါ်က မနက်စာ ညစာများ တိုက်ရိုက်အချိုးကျ လာပြီကိုး မိုးရေချိန် လက်မ ၀ လေးများ ပြရင် ညစျေးမှာများ စားစားသောက်သောက် ခြေဆန့်ရလေမလား မိုးရေချိန် အတော်အသင့်ဆိုရင် ထီးတစ်လတ်နဲ့ နီးရာ တွန်းလှည်းထမင်းဆိုင်တန်းလေးမှာ ထမင်းနဲ့ဟင်းစုံ ပူပူ အငွေ့တထောင်းထောင်းလေး ပါဆယ်ပြေးဆွဲလိုက်ရမလား ဗျာများလို့ကောင်းတုန်းများ ဝသုန်မိုးကိုယ်တော်က ဖားအတောင်းကောင်းလို့ လက်မလေးများ ၆၊၇၊၈ လက်မဆိုရင် သေချာပြီ ယိုးဒယားခေါက်ဆွဲပြုတ်!!! ဪ လူဆိုတာ ကိုယ့်ဆန်အိုးထိမှ စိတ်ဝင်စားတတ်ကြစမြဲကိုး နိုင်ငံရေးဆိုတာ ထိုနည်း၄င်းပေလား? စာကြွင်း။ ခေါက်ဆွဲစားရင်း ရေးခဲ့သည်
- Get link
- X
- Other Apps
မိဖရင်ငွေ့ နွေးနွေးလေး ပါးအပ်လို့ ကြက်ပူထိုး၊ မူနွဲ့လို့ မစွမ်းသာသေးသော အဝေးရောက် သားသမီးများရဲ့ ထမင်းပန်းကန်မှာ ထမင်းဖြူနဲ့ဟင်းစုံ ဖွယ်ဖွယ်ရာရာ အနပ်မှန်ဖို့ဆိုတာ ကန္တာရထဲ မိုးမျှော်သလို ဖြစ်နေပြီ မဟုတ်လား၊ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုသလို သင်းကွဲငှက်လေးများ တူရာဘဝစုလို့ လက်ဆုံစားလိုက်ကြရတာဟာ ဟင်းကို အားကိုး စားရတာမျိုးမဟုတ်ပဲ ပီတိလေးများကို ဇယန်းညွှန့်နဲ့ ရောမြုံ၊ ကြက်ဥလေးများ မေတ္တာထဲထည့်ပြုတ်ပြီး၊ မြိတ်ငပိရည်ကျဲကို နီးရာ ပုဇွန်ဆာလေး စွဲမြှုတ်လိုက်ရတာဟာ တရုတ်လျှပ်စစ်ပေါင်းအိုးအောက်က ထမင်းချိုးခြစ်စားရလောက်အောင် ခေါင်းမဖော်နိုင်ခဲ့တာဟာ ဒီသင်္ဂဟတန်ခိုးကြောင့်ပဲဆို မှားနိုင်မည်မထင်။ အမေရေ အမေ့လက်ရာလောက်မကောင်းတဲ့ ဟင်းတွေကြားမှာ အဆွေများနဲ့ စားရင်း ဟင်းခြောက်လေးများ နီးရာကားဂိတ်နဲ့ အမှာပါးလို့ အားဖြည့်ပါဦး။ #petethou 52 Nyi Nyi Zaw, Thu and 50 others 22 Comments Like Comment Share