မဲဆောက်သို့
ညှီစုတ်စုတ်အနံ့တစ်ခု နှာသီးထိပ်လာရောက် နှုတ်ဆက်မသွားဘူး..... ဒီကစပြီး သတိရနေတော့ ကဗျာတော့ မဆန်ဘူးပေါ့.... ကိုယ့်နောက်ထပ်ကြပ်မခွာလိုက်နေကျ ခြေရာလေး ခဏတာတိုးကျန်နေခဲ့တယ်ထင်တယ်... ယာယီပါပဲကလေးငယ်လို့ ဖြေသိမ့်ကြည့်မယ်.. နှာသံပြင်းတဲ့အသံလေး အခုတော့ ရေရောသွားပြီလားမသိဘူး.. မျှော်လင့်ကြည့်ရသေးတာပေါ့လေ လက်ချိုးရင်း တစ်ရက်လား နှစ်ရက်လား... အဖြူနဲ့အမဲ တစ်တွဲတွဲလေးရဲ့ သောကြာည စိတ်ဆိုးမာန်ဆိုးလေးတွေ ထပ်ပြီးကြားရဖို့တော့ မျှော်နေရလား.... သူများ မိုးသားနဲ့များ ရောက်လာမလားမသိ... ရဲရင့်တဲ့ပန်းကလေး လှပစွာကပြတာတွေ.. နီညိုညို ဆံငွေ့ကောက်ကောက်ကလေးတွေ... တဘတ်ဘတ်ရိုက်ခံရတဲ့ နီရဲရဲ လက်ကလေးတွေ... သကြားကူ ကော်ဖီအေးအေးတွေ... ဒါလေးတွေများ ကိုယ့်စိတ်ထားနေရာယူထားပြီလား... ခပ်အေးအေး ခပ်နွေးနွေး အပြုံးပန်းပုပုလေး.. ခပ်တုံးတုံး အမေးစကား နုနုကလေး.. မျက်နှာကပ်လို့ အပူတိုက်စကားအပ်နေတဲ့ကလေးငယ်.. သံသာသာ တေးသံလေး ငြီးတတ်တဲ့ နိုက်တင်ဂေး... သူတို့တွေကို စာတင်ရပြန်ပြီပေါ့နော်... အမြဲမြှောက်ပင့်နေတတ်တဲ့သူ့တစ်ယောက်ရှိသေးတယ်.. ဟန်ဆောင်မှုကင်းကင်း ပြောပြနေတာ ကိုယ်သိတာပေါ့.. ကျားကလေးတစ်ကောင် ကိုယ့်ရှေ့ရောက်တော့ ကြောင်လို့ ချ...