Posts

Showing posts from November, 2022

မိန်းမနဲ့ယောက်ျား

Image
  "ဒီအတိုင်းရိုးရိုးသားသားပါ"ဆိုတာ ကုတင်ပေါ်မရောက်သေးသ၍ဆိုတဲ့ စကားဝှက်ပါတတ်လို့ ချင့်ယုံစေချင်တယ်၊ ဒါတောင်မှ ကုတင်ပေါ်ရောက်ရင် ဘာဆက်ဖြစ်မယ်လို့ အာမ မခံဘူးနော်။ သို့ပေမယ့်လည်း "ယောက်ျားတွေ မကောင်းဘူး မကောင်းဘူး" "မိန်းမတွေ မကောင်းဘူး မကောင်ဘူး"အော်နေပြီး ယောက်ျားမယူတဲ့မိန်းမတွေ၊ မိန်းမမယူတဲ့ယောက်ျားတွေရှားသလို အရက်မကောင်းမှန်းသိရက်နဲ့ နှစ်နှစ်ခြိုက်ခြိုက်သောက်နေတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။ အမျိုးသမီးတွေဆိုတာ အားနည်းတယ်လို့ယူဆတတ်ကြပေမယ့် ပြဿနာဖြစ်ရင် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတတ်ကြသော်လည်း အားကြီးပေ့ဆိုတဲ့ ယောက်ျားဆိုတာမျိုးက ထိပ်တိုက်ဖြေရှင်းရမယ့်အခြေအနေမျိုးမှာ ရှောင်ပြေးတတ်ကြစမြဲပဲ။ သူတို့တွေက မိန်းမဘက်က စိတ်ကုန်မှ အတင်းရောကာရော ပြေးဒူးဖက်ကြတဲ့အကျင့်ပါနေတာ၊ မိန်းမတွေဘက်က လက်မခံမှ ယောက်ျားမာနကို သတိတရ ရှိတတ်ကြတဲ့အမျိုး။ တိုင်ပင်အလွဲဆုံးဒီကျားမစိတ်နှစ်ခုမှာ မိန်းမတွေက သဲသဲတုန်နေတဲ့အချိန် ယောက်ျားတွေက သွေးအေးပြတတ်ပြီး၊ မိန်းမတွေ စိတ်ကုန်လို့လှည့်မကြည့်တတ်ကြတော့ဘူးဆိုတဲ့အခါမှ ယောက်ျားတွေက အသိတရားဝင်လာတတ်တာမျိုး။ ဒီလိုလွဲတတ်တာကို ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းမယောက်ျ...

"ဘုရားဒကာမကြီး စိုးစိုးရီ"

အမရပူရမြို့၊ သိမ်ကြီးဈေးအလွန် စစ်ကိုင်း-မန္တလေးလမ်းကြီးအကြား ရတနာ့ဂူဘူတာအနီးမှာ ဗောဓိသန်းထောင် ဘုရားဆိုတာရှိပါတယ်။ ထိုဘုရားရဲ့ အရှေ့ဘက်စူးစူးမှာ သပြေနဲ့ ကံ့ကော်ပင်ဖားဖားကြီးတွေက နေပြောက် မထိုးအောင် အုပ်မိုးလို့ ဗောဓိသန်းထောင်ဘုရားထဲဝင်ပါပြီ ဆိုကတည်းက ကြိုင်လိုက်တဲ့ အနံ့ ကြူကြူသင်းလို့။ တောင်ဘက်အထွက်မုဒ် လမ်းကပ်လျပ် အနောက်မှာတော့ တစ်ဖက်ပွင့် ကနားစင်ကြီးဆိုတာ တစ်ရာသီလုံး လူသူမဲ့လို့ ခြောက်လွန်းမကခြောက်လိုက်တာ ဝါခေါင်နတ်ပွဲစပြီဆိုလျှင်တော့ အရပ်ရပ်က ပန်းလာဆက်ကြ၊ ကနားပေးကြနဲ့ ထိုကနားစင်ကြီးဟာ နတ်စင်နတ်နန်းနတ်ရုပ်ပေါင်းစုံ ခေါင်အထိဆင့်ထားပြီး ကနားသံပေါင်းစုံ၊ လူတစီစီနဲ့ ကျွပ်ကျွပ်ညံပြန်ရော။ မြောက်ဘက်မုဒ်အဝင်က အနောက်ဘက်ခပ်စောင်းစောင်းကို လှည့်ထားတာဆိုတော့ အနောက်ဘက်မုဒ်ရယ်လို့ ရထားလမ်းဘက်အထွက်နား သီးသန့်မရှိပေမယ့် ဘုရားဖူးသူ အများအတွက် မှန်ကာထားသော ဆင်ပေါက်ကလေးတော့ရှိပါတယ်။ ထိုအနောက်ဘက်စဉ်ပေါက်ကလေးမှာ အုတ်လှေကားသုံးထစ်နဲ့ ချီပြီး တစ်လံလောက်အလွန်အုတ်လမ်းကလေးဟာ ရထားလမ်းမေးတင်ပြီး ဆုံးသွားပါသည်။ ကျွန်တော်တို့ငယ်စဉ်ကတည်းက ဗောဓိသန်းထောင်ဘုရား အနောက်ဘက်မုဒ်စဉ်ပေါက် အုတ်လမ်းကလေးကိုဖြတ်ကာ ရတနာ့ဂူဘူတာဘ...