Posts

Showing posts from June, 2022

အိပ်ဆေး

  ဘယ်သူ့ကိုတော့ဖြင့် ပုံအောသွန်းချလိုက်ရင် သောကအိုးလေး အရည်ကျဲသွားနိုင်မလဲလို့ တွေးကြည့်ဖူးပါတယ်၊ နောက်ဆုံးတော့ တိတ်တိတ်လေးရှိုက်သံနဲ့အတူ အဖော်ကွဲခြင်းကသာ ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ်နေတတ်တယ်။ သေချာပါတယ် ဒီညလည်း အိပ်ဆေးလေးသောက်မိဦးမှာပါ။ #petethou 27.6.2022

စိတ်ကူးလေးများခေါ်ရာ

  ဟုတ်တယ် မြေနီလမ်းလေးပါတယ်။ မြေကျင့်ကျင့်နီလေးပေါ့။ မြေသားလမ်းဖြူးဖြူး ဖုန်လူးလူးလေးနဲ့ ကျောက်သားဖုလေးတွေ ဟိုနေရာငေါ ဒီနေရာဖုနဲ့။ မိုးသားမြေငွေ့လေးလူးလို့လားရယ်မသိ အမြင်မှာတော့ ပသာဒကောင်းတယ်၊ အရောင်ခပ်ရင့်ရင့်လေး။ တောရယ်တောင်ရယ်လို့ ထွေကာလီကာမရှိပါဘူး၊ လွန်ရောရှိလှ မြေမညီတဲ့ တောင်ပို့မြေမြင့်လေး နိမ့်လိုက်မြင့်လိုက်ရယ်သာပါပဲ။ ဒါပေမယ့် မြင်ကွင်းအဆုံးထိတော့ အပြည့်ဖြန့်ထားတယ်။ ကောင်းကင်ပြာရမယ်၊ နေဗီပြာမလား ဖက်ဖူးနည်းနည်းစိမ်းမလား၊ ဖဲပြာလား ရတယ်၊ ပြာနေရင်ပြီးရော။ တိမ်ညွှန့်တစ်ကွက်နှစ်ကွက်နဲ့ နေရောင်ပျပျရယ်ပေါ့။ အခင်းအကျင်းကတော့ ငုတ်တိုအရွယ်မြင့် ယာခင်းကွက် ရောင်စုံရှိမယ်။ ရောင်စုံဆိုတဲ့နေရာမှာတော့ အစိမ်းက အသာစီးယူတယ်ပေါ့။ ဘဲခေါင်းစိမ်း၊ သခွား၊ ကြက်ပေါက်ရောင်ပန်းခင်းနည်းနည်းနဲ့ဆို တော်တော်လေးပြည့်စုံပြီ။ မြေနီလမ်းနဲ့ နှုတ်ခမ်းမှာတော့ သစ်ဆွေးတိုင်လေးတွေ ကျို့တို့ကြဲတဲနဲ့ ဓါတ်အားတိုင်လေးတွေပေါ့၊ ကြေးဝါကြေးနီကြေးညိုကြိုးလေးတွေ တွဲဆက်လို့၊ လမ်းအတိုင်းလျှောက်နေတဲ့ ကောင်းကင်လမ်းလေးပါပဲ။ ရေစီးကမ်းနည်းနည်းပြိုနေတဲ့ လမ်းဘယ်စောင်းမှာတော့ ကျောက်သားပေါ်နေတဲ့ ကမ်းပါးရံ။ သူလည်း နီကျင့်ကျင့်တစ်ထပ် ဝါ...

နားလည်မှုကို နားလည်မှုလွဲခြင်း

လမ်းပေါ်မှာ တွန်းလှည်းသည်လေးတွေ၊ အမှိုက်လှည်းတွေသွားလာတာနဲ့ပက်သက်ပြီး စည်းကမ်းအရမ်းတင်းကြပ်ထားတာရှိလား၊ ဟင့်အင်း မရှိပါဘူး၊ နားလည်မှုနဲ့ပဲ သူတို့လေးတွေ သွားလာတာကို ခွင့်ပြုထားပါတယ်။ ဒါဖြင့်ရင် လမ်းပေါ်တက်ပြီး လမ်းဖယ်မပေးတာတို့၊ ကားကြပ်လူကြပ်တဲ့နေရာတွေမှာ လမ်းမပေးပဲ ငါတို့အခွင့်အရေးပဲ စောင့်ကြပေါ့ ဆိုတာတွေ၊ ကားသည်တွေ လမ်းလယ်ခေါင်ကားရပ်ပြီး ဈေးရောင်းနေကြတာတွေကကော နားလည်မှုပဲလား? အများပြည်သူ သွားရာလမ်းမှာ ကိစ္စရှိလို့ စကားရပ်ပြောနဲ့ပက်သက်ပြီးရော လူ့စည်းကမ်းအရ ရှုံချတာရှိလား၊ ဟင့်အင်း မရှိပါဘူး၊ နားလည်မှုနဲ့ပဲ ဘေးကရှောင်သွားပေးလိုက်ကြတာပါပဲ၊ ဒါဖြင့်ရင် လမ်းပိတ်ပြီး အားရပါးရစကားကိုကျယ်ကျယ်ပြောနေတာကြပြီး ဒါက အများပိုင်လမ်းပဲလေ မကျေနပ်ရင် လမ်းကို ဝယ်ကြပေါ့ဆိုတဲ့ အချိုးနဲ့ လမ်းပိတ်ရပ်တတ်တာကျတော့ကော နားလည်မှုပဲလား? ဈေးဝယ်တဲ့အခါတွေမှာပဲဖြစ်ဖြစ် ရုံးတွေမှာ စာတင်ရတဲ့အခါပဲ ဖြစ်ဖြစ် အလှည့်ကျနဲ့ ပက်သက်၍ တန်းစီမှရမယ်ဆိုပြီး တင်းကြပ်သတ်မှတ်ထားတာရှိလား၊ ဟင့်အင်း မရှိပါဘူး၊ အရေးကြီးတဲ့လူကကြီးသလို အလျင်လိုတဲ့လူက လိုသလို အသက်အရွယ်ကြီးတဲ့လူက ကြီးသလို ဦးစားပေးပြီး နားလည်မှုနဲ့ အလှည့်ပေးလိုက်ကြတာပါပဲ၊ ဒါဖြင့်...