Posts

Showing posts from May, 2022

လွမ်းစာ

မှတ်မိပါသေးရဲ့။ "ငါ့လိုလူ နင်ရှာမတွေ့တော့မှာစိုးတယ်"ဆိုတဲ့ နင့်ရဲ့စကားလေး။ အဲ့စကားလေးက ကျိန်စာမှန်း ငါမသိခဲ့ဘူး။ အခုတော့ နင့်ရဲ့ရိုးရှင်းမှုနဲ့အတ္တကင်းတာလေးတွေကို ငါအမြဲလို မသိစိတ်ကတစ်မျိုး သိစိတ်ကတစ်မျိုး ချိန်တွယ်ကြည့်တယ်။ ချစ်စရာ တယ်ကောင်းခဲ့ပါလား။ မြတ်နိုးစရာ တယ်ကောင်းခဲ့ပါလား။ အခုတော့ ငါက နင့်ကို အမြဲစကားနာထိုးခဲ့တဲ့ "နင့်ရဲ့ အလေးထားမှုဆိုတာ ငါ့ခြေရင်းလောက် ရှိတာပါ"ဆိုတဲ့ စကားနဲ့အတူ နင်ရဲ့ တီရှပ် အနက်ရောင် အစင်းလက်ရှည်လေးပဲ ငါ့ဘေးမှာ ပုံလျှက်။ #petethou 11/4/2022

"အသက်အပို"

"ဟဲ့.... အလတ်ကောင် လာခဲ့ဦး၊ ငါနဲ့ခဏလိုက်ခဲ့စမ်း"။ အိမ်အပေါက်က အမေ့ရဲ့ အသံနှိမ့်ခေါ်သံကြောင့် ကျွန်တော် ခေါင်းပုသွားတာတော့အမှန်ပဲ။ "ဘာရှိလို့လဲ မာမီရဲ့၊ မာမီ့ကြည့်ရတာကလည်း ခိုးကြောင်ခိုးဝှက်နဲ့"။ အမေဘာကြောင့် ပုန်းလျှိုးကွယ်လျှိုးနဲ့ခေါ်နေမှန်း မသိပေမယ့် ကျွန်တော် စိုးရိမ်သွားတာတော့ အမှန်ပဲ။ "လိုက်ခဲ့စမ်းပါဆိုဟယ်.... လုပ် လုပ်၊ ဖိနပ်စီး"။ ကျွန်တော့်အရှေ့ကနေ တဆောင့်ဆောင့် ထွက်သွားတဲ့ ထဘီတိုတိုနဲ့ အမေ့ကို ကြည့်ရင်း၊ ကျွန်တော်ပါ ဘာမှန်းမသိ ခေါင်းပုပုနဲ့ လိုက်လာခဲ့လိုက်သည်။ ကျန်းမာရေးဝန်ထမ်းဖြစ်သည့် အမေက သူ့ဝါ့ထ်ထဲသို့ တန်းတန်းမတ်မတ်ကြီးသွားနေသော်လည်း တစ်လမ်းလုံး ကုတ်ချောင်းချောင်းနဲ့။ "ငါ့အမေဆိုတာဟာလေ ဘာတွေရှုပ်နေလဲမသိ"ဆိုနဲ့ အတွေးကို တစ်လမ်းလုံး လွယ်ရင်းသာ ကျွန်တော် ပါလာခဲ့ပါသည်။ အမေ့ဝါ့ထ်ထဲရောက်တော့ လူမစည်ကားသင့်သည့် ဆေးရုံမှာ စည်စည်ကားကားနဲ့ကို အော်ဟစ်သံတွေ၊ သွေးထွက်သံယိုတွေ၊ ကလေးငိုသံတို့က ဆီးကြိုနေသည့်အပြင် ချွေးနဲ့သွေးရောနေသည့် ညှီစို့စို့အနံ့တို့က ကျွန်တော့်ကို မျက်မှောင်ကြုတ်စေခဲ့သည်။ ထို့နောက် စူစူပုတ်ပုတ်နဲ့ ပါလာသည့် ကျွန်တော့်ကို ဂရုမထားပဲ...
  အချစ်မရှိတဲ့ ကျွန်တော့်versionလေးကို ကျွန်တော်ကြိုက်တယ်။ ချစ်မိဖို့ ကနဦး စ လှမ်းလေ့ရှိတဲ့ ခြေလှမ်းငယ်လေးတွေ၊ ဆက်သွယ်မိဖို့ ကြိုးစားတတ်တဲ့ လက်ဆစ်ကလေးတွေ၊ စည်းလွတ်ဘောင်လွတ်တတ်တဲ့ မျက်လုံးလေးတွေကို နာနာလေး ဆွဲလိမ်ထားတာ၊ အခုဆို အညိုမဲတွေစွဲလို့။ #petethou 16.4.2022

တန်ဖိုး

  ပေနဲ့ကလောင်ကို ညစ်ထေးသော အမှိုက်စုတ် တစ်ဖြစ်လွဲစေရန် ကိုယ်ရည်ရွယ်ရိုး စိုးစဉ်းမျှ မရှိခဲ့၊ မရှိပါ။ သို့ပေသည်လည်း ရင်တွင်းပဲ့တင်သံ ရှိုက်တိုင်း စကားလုံး သီကုံးရင်းသာ စွမ်းသာတော့ အပြင်ပန်း ပြည့်ဝသော လူ့ကစော်ကြီးဖြစ်ဖို့ ပေတို့ကလောင်တို့ တန်ဖိုးမဲ့စွာ စတေးပေးရပြန်ပါပြီ။ မသိသူအတွက် လည်စင်းခဲ့လေတော့ မှင်ဖိုး မဲ့လေသည်။ သိသူအတွက် မှင်နဲ့အတူ သူစေတသိတ်လေးကို နှမြောတသသ။ #petethou 23.4.2022

အချစ်သုံးမျိုး

  အချစ်ကို သုံးမျိုးရှိတယ်လို့ ကျွန်တော် ယူဆတယ်။ ပေါ့ပျက်ပျက်အချစ်ရယ်၊ လေးနက်နက်အချစ်ရယ်၊ ရင့်ကျက်တဲ့အချစ်ရယ်။ ပြဿနာက ရင့်ကျက်တဲ့အချစ်ပါ။ ချစ်ချင်ယောင်ဆောင်နေတဲ့လူ နှုတ်ဖျားရောက်သွားရင် ပေါ့ပျက်ပျက်အချစ်ကို ရင့်ကျက်တဲ့အချစ်လို့ ဟန်လုပ်ခံရတယ်။ တကယ်ချစ်တဲ့လူအတွက်ကျတော့ လေးနက်တဲ့အချစ်နဲ့အတူ ရင့်ကျက်တဲ့အချစ်က ကပ်ပါလာချင်မှ လာပါလေရော။ ဒီအလွဲလေးတွေက လူနှစ်ဦးအကြား ပြဿနာလေးတွေကို အရင်းခံလေ့ရှိကြတယ်လို့ ယူဆတယ်။ ပြန်စဉ်းစားကြည့်ရရင်တော့ ကျွန်တော်က ပေါ့ပျက်ပျက်အချစ်ကို အချစ်လို့တောင် ခေါင်းစဉ်တပ်ရမှာ အားနာပါတယ်လေ။ #petethou 25.4.2022

အားနာမှုကြီးသတဲ့လား?

ဘယ်နေရာတွေမှာ အားနာမှုကြီးသလဲဆိုတော့ တစ်ဖက်လူ အကူအညီတောင်းလာရင် ငြင်းရမှာအားနာတာ။ တစ်ဖက်လူက တစ်ခုခု ကမ်းလှမ်းလာရင် မျက်ကွယ်ပြုရမှာ အားနာတာ။ ငြင်းလိုက်ရုံ၊ မျက်ကွယ်ပြုလိုက်ရုံမျှနဲ့တော့ အားနာတဲ့အဆင့်မရောက်သေးပါဘူး။ မိမိအတွက်လုံးဝအဆင်မပြေပါပဲနဲ့ မငြင်းတာ၊ မျက်ကွယ်မပြုလိုက်တဲ့အခါကျမှသာ အားနာတဲ့အဆင့်ကို ရောက်တာပါ။ တစ်ခါမငြင်း နှစ်ခါမငြင်းခြင်းက လူကို ထိခိုက်မှု အနည်းငယ်(ကိစ္စအပေါ်မှာတော့ မူတည်တာပေါ့)ရှိနိုင်ပေမယ့်၊ ကာလတိုမှ ကာလရှည်သို့ မျှော်တွေးကြည့်ဖို့ မေ့သွားလေတော့ အပြုသဘောမှ အပျက်သဘောဖက်သို့ ယိမ်းလာတာ သတိမူကြစေချင်တယ်။ "ချစ်သောအချိန်မှာ မုန်းစကားဆို"ဆိုတဲ့ အနက်ကို တွေးလေ သဘောကျလေပါပဲ။ တစ်ဆင့်ထပ်တွေးကြည့်မိရင် အကြာကြီးတွဲလာတဲ့အတွဲတွေ၊ အကြာကြီးပေါင်းလာတဲ့သူငယ်ချင်းမိတ်ဆွေတွေ၊ အကြောင်းပြချက်ကြီးကြီးမားမားမရှိပါပဲနဲ့ ပြတ်ကြ ကွဲကြတွေ မြင်ဖူးကြမှာပါ။ သူတို့ဆက်ဆံရေးပြတ်သွားတာကို အပြင်လူတွေ ဝေဖန်ကြတဲ့အခါ သူတို့နောက်ဆုံးဖြစ်သွားတဲ့ပြဿနာလေးကိုပဲ ကြည့်ပြီး ဝေဖန်ကြတယ်၊ အမှန်နဲ့အမှား ဆုံးဖြတ်ကြတယ်။ အဲ့ဒီတော့ တစ်ဖက်သတ်သဘောမျိုးတွေ ဆန်လာတယ်၊ ထားခဲ့တဲ့သူကို အပြစ်ဝိုင်းပြောကြတာမျိုးတွေ လုပ်က...

အိမ်ကာရာအိုကေ

ကျွန်တော်ငယ်ငယ်တုန်းက အိမ်က မိဘတွေပိုက်ဆံရှိကြတာတော့ မဟုတ်ပေမယ့်၊ မိဘနှစ်ပါးစလုံးရဲ့ ဝါသနာကြောင့် အိမ်မှာ အောက်စက်(ဗွီစီဒီစက်)တို့ ဆောင်းဘောက်(sound box)တို့အပြင် သူနဲ့တွဲဆိုလို့ရတဲ့ ကြိုးတပ်မိုက်ခရိုဖုန်း(Mic)နှစ်ချောင်းလည်း ရှိပါတယ်။ ကိုယ့်ဘေး ခေါင်းရင်း၇အိမ်၊ခြေရင်း၇အိမ် ပြေးကြည့်လို့လည်း ဒီလို ကာရာအိုကေစက်ဆိုလို့ ကိုယ်တွေအိမ်သာ ရှိတော့ တစ်မိသားစုလုံးက အမောက်တထောင်ထောင်နဲ့ ညနေရောက်တာနဲ့ တစ်ယောက်တစ်လှည့် အသံကုန် ဟစ်ကြပြီလေ။ အိမ်က စက်က နားရတယ်လို့လည်း မရှိပါဘူး၊ ကျွန်တော်တို့ မိသားစု ငါးယောက်ရဲ့ အသံသာကုန်တယ် ပညာမကုန်သွားကြတဲ့ အောက်မှာ စက်သံ တဂီဂီနဲ့ ရုန်းရရှာပါတယ်။ မိသားစု ၅ဦးလုံးရဲ့ အဲ့ဒီခေတ်အခါက အသဲစွဲအောင် ကြိုက်ခဲ့ကြတဲ့ တေးစီရီးလေးက "နှောင်ကြိုးလေးတစ်မျှင်"ပေါ့။ မိသားစု ငါးဦးလုံးမှာ ကိုယ်ပိုင်သီဆိုနေကြတေးလေးတွေ ရှိကြတော့ မိုက်လုရန်ဖြစ်ရတာတော့ မရှိကြပါဘူး။ ဟော..... ဇော်ဝင်းထွဋ်ရဲ့ ဒဏ်ရာရထားဆိုရင် ၁၁နှစ်၁၂နှစ်သား ရှိပြီဖြစ်တဲ့ ကျွန်တော့်အကိုက ဦးညီထွဋ်သီချင်းကို ငယ်သံမပျောက်ပဲ ဆိုပါတယ်။ ဒုတိယတစ်ပုဒ်ဖြစ်တဲ့ အဲလက်စ်ရဲ့ ချစ်သေးရဲ့လား သီချင်းကို အချစ်ကိုမသိသေးတဲ့ ကျွန်တော့်ညီ၂န...