ကြားဆရာတို့မည်သည်
စာအုပ်စာပေလူ့မိတ်ဆွေတို့၊ စာဖတ်ခြင်း၏အကျိုးတို့ စသည်ဖြင့် စကားများစွာနဲ့ ပြည့်နက်နေအောင် နားဝခဲ့ရပေမယ့် ကျွန်တော်စာကြမ်းပိုးတစ်ယောက် စာပေလိုက်စားသူတစ်ယောက်မဖြစ်ခဲ့ဖူးပါဘူး။ သို့ပေသည့် ကျွန်တော် ဆယ်တန်းကျောင်းပြီးလို့ အိမ်ကပ်ရင်း နေ့လည်နေ့ခင်း ပိုနေတဲ့အချိန်တွေမှာ အဖော်ပြုဖို့ စာအုပ်ကလေးတွေ စကိုင်လာခဲ့ဖူးတယ်။ တဆက်တည်းမှာပဲ ကျွန်တော်ရဲ့ ပင်ကိုယ်ဗီဇအရ ကန့်လန့်တိုက် တွေးတတ်လွန်း၍ စာအုပ်တွေ ရွေးချယ်ဖတ်တဲ့အချိန်ဆိုရင် ကိုယ့်ကိုကိုယ်မေးလေ့ရှိတာက "မင်း ဘာသိချင်လဲ၊ ဘာလိုချင်လဲ ဆိုတာထက် မင်းကြုံဖူးလား၊ ကြုံလာနိုင်လား၊ ကြုံအောင် ကြိုးစားလို့ရလားလို့ မေးလေ့ရှိတယ်"။ ဉပမာအားဖြင့် ခရီးသွားမှတ်တမ်းစာအုပ်ကို ကောက်ကိုင်မိရင် ကိုယ့်ကိုယ်ကို မေးလေ့ရှိတာက အဲ့ဒီခရီးကို မင်းကိုယ်တိုင်သွားဖူးလား၊ သွားဖို့ရှိနိုင်လား၊ သွားဖို့ရောကြိုးစားလို့ရလားလို့ မေးကြည့်တယ်၊ အကယ်၍ ရတယ် ငါကြုံဖူးချင်တယ်ဆိုရင် စာအုပ်ထဲက အကြံဉာဏ်အပိုင်းလေးတွေ အတွေ့အကြုံအပိုင်းလေးတွေကလွဲရင် မည်၍မည်မျှလှကြောင်း ဖွဲ့ကြူးထားတဲ့အပိုင်းဆို ကျော်ဖတ်လိုက်တယ်။ တစ်ခါက မိဘမေတ္တာဖွဲ့စာအုပ်ကလေး လက်ဆောင်ရလို့ ဖတ်ရင်းနဲ့မှ ထော်လော်ကန့်လန့်အတွေးက...