Posts

Showing posts from August, 2021

Feeling Collection 2

1.Is that sorrow or grief welling up way over my bare consciousness just as after harkening the snippet of information on the current contamination issue arouse my very interest and bet my fortune on to all the people I am falling for. 2.  What make one silent? Being hidden not always doesn't mean being alone. On some occasion, cramped with society still doesn't help. Oppressing oneself with its own feeling is not because one is right while the others find it hard to see or one must be right on it own but giving up on contradiction but because it realize both could have own truth. Did you ever dip in such condition once in your life, didn't you? 3.   It is very accustomed that people reflect no response to what we have given. Not surprisingly until after the one we trust take us for granted, why wouldn't they then. I keep saying myself that 'there should you expect nothing', but I would say I still do. 4. The echo of thou demeanor, weep and intonation all wrap i...
  အင်း…. ပျော်တာပေါ့ ထန်းသီးကျွေခိုက် ကျီးနင်းခိုက်ကို ချော်လဲရောထိုင် ရဲရဲတောက်ပြနေတဲ့ဟာတွေရယ်၊ လုပ်တာချင်းအတူတူ ကိုယ်ကကြီးကြီး သူကသေးသေး ဟိုကအလတ်ဆိုပြီး ခွဲခြား ဂုဏ်ဆာနေတဲ့ဟာတွေရယ်၊ ဘယ်သူတွေဘာဖြစ်ဖြစ် ကိုယ့်အတွက် အခွင့်သာဖို့ချောင်းနေတဲ့ အောင်သိုက်တစ်ချို့တယ်၊ ကိုယ့်ထိမှ ကိုယ့်နာ ခွေးသာသာစိတ်တွေရယ်၊ ဆဲပြဆိုပြရဲပြတောက်ပြမှ ဘုရားထင် နောက်ကွယ်မှာ ဘာအားထုတ်မှုမှ မရှိတဲ့ ကြောင်သူတော်ကြွက်သူခိုးများရယ်၊ နိုင်ငံရေးကိုခေါင်းစဉ်တပ် လူမှုရေး စီးပွါးရေးကြီးပွါးရေး ဘာသာရေး ရောချ ဘာလုပ်လုပ် တင့်တယ်နေတယ်ထင်တဲ့လူတစ်ချို့ရယ်၊ အခုထက်ထိ ပုထွေးကိုအဖေမှတ် အသိမဲ့နေသေးတဲ့ လူတစ်ချို့ရယ်၊ …………….. အုန်းအုန်းထ ဂျုန်းဂျုန်းကျနေတော့တာ။ ဒါမျိုးကတော့ ဟိုခွေးပုလ္လင်တက်က ပျော်ပျော်ကြီး အားရဝမ်းသာဖြစ်နေဦးမှာ သေချာ။ #petethou
  ရိုးရှင်းမှုတဲ့ ဘယ်သူကများ အရေးတစ်ယူပေးခဲ့လဲမသိပါဘူး ကိုယ်တော့ မြတ်နိုးလိုက်တာ လှိုက်လှိုက်လှဲလှဲ။ တစ်ကိုယ်ကောင်းဆန်မှုနဲ့၊ အလေးမထားမှုကြားမှာ ရှိမနေတာတော့ သတိချပ်ပါ။ တစ်ကယ်တော့ သူက လျစ်လျူရှုခြင်းတို့ရဲ့ ဘေးအစွန်းတစ်နေရာမှာ ဖုံးကွယ်လျှက် တည်နေမြဲနေခဲ့လိမ့်မယ်။ မျှော်လင့်ချက်မဲ့တာနဲ့ ဘာကွာလဲမေးမယ်ဆိုရင်တော့၊ မျှော်လင့်ချက်မရှိတာပါလို့ အားရပါးရဖြေမိမယ်ထင်တယ်။ တစ်ကယ်တော့ စွဲလမ်းမှုကနေ အရင်းခံလာတယ်ဆိုတာတော့ နာကျည်းစွာ လက်ခံပေးပါရစေ။ ဝန်ခံပါတယ် စွဲလမ်းခဲ့လို့ ရိုးရှင်းခဲ့ရတာပါ။ အလယ်မှာ နာကျင်ခြင်းပေါင်းကူးတံတားလေးတော့ ခံထားတာပေါ့။ ၁၉.၈.၂၀၂၁ #petethou