Posts

မဲဆောက်သို့

  ညှီစုတ်စုတ်အနံ့တစ်ခု နှာသီးထိပ်လာရောက် နှုတ်ဆက်မသွားဘူး..... ဒီကစပြီး သတိရနေတော့ ကဗျာတော့ မဆန်ဘူးပေါ့.... ကိုယ့်နောက်ထပ်ကြပ်မခွာလိုက်နေကျ ခြေရာလေး ခဏတာတိုးကျန်နေခဲ့တယ်ထင်တယ်... ယာယီပါပဲကလေးငယ်လို့ ဖြေသိမ့်ကြည့်မယ်.. နှာသံပြင်းတဲ့အသံလေး အခုတော့ ရေရောသွားပြီလားမသိဘူး.. မျှော်လင့်ကြည့်ရသေးတာပေါ့လေ လက်ချိုးရင်း တစ်ရက်လား နှစ်ရက်လား... အဖြူနဲ့အမဲ တစ်တွဲတွဲလေးရဲ့ သောကြာည စိတ်ဆိုးမာန်ဆိုးလေးတွေ ထပ်ပြီးကြားရဖို့တော့ မျှော်နေရလား.... သူများ မိုးသားနဲ့များ ရောက်လာမလားမသိ... ရဲရင့်တဲ့ပန်းကလေး လှပစွာကပြတာတွေ.. နီညိုညို ဆံငွေ့ကောက်ကောက်ကလေးတွေ... တဘတ်ဘတ်ရိုက်ခံရတဲ့ နီရဲရဲ လက်ကလေးတွေ... သကြားကူ ကော်ဖီအေးအေးတွေ... ဒါလေးတွေများ ကိုယ့်စိတ်ထားနေရာယူထားပြီလား... ခပ်အေးအေး ခပ်နွေးနွေး အပြုံးပန်းပုပုလေး.. ခပ်တုံးတုံး အမေးစကား နုနုကလေး.. မျက်နှာကပ်လို့ အပူတိုက်စကားအပ်နေတဲ့ကလေးငယ်.. သံသာသာ တေးသံလေး ငြီးတတ်တဲ့ နိုက်တင်ဂေး... သူတို့တွေကို စာတင်ရပြန်ပြီပေါ့နော်... အမြဲမြှောက်ပင့်နေတတ်တဲ့သူ့တစ်ယောက်ရှိသေးတယ်.. ဟန်ဆောင်မှုကင်းကင်း ပြောပြနေတာ ကိုယ်သိတာပေါ့.. ကျားကလေးတစ်ကောင် ကိုယ့်ရှေ့ရောက်တော့ ကြောင်လို့ ချ...

သံယောဇဉ်မပြတ်ဘူး - ဆုန်သင်းပါရ်

Image

ကြားဆရာတို့မည်သည်

  စာအုပ်စာပေလူ့မိတ်ဆွေတို့၊ စာဖတ်ခြင်း၏အကျိုးတို့ စသည်ဖြင့် စကားများစွာနဲ့ ပြည့်နက်နေအောင် နားဝခဲ့ရပေမယ့် ကျွန်တော်စာကြမ်းပိုးတစ်ယောက် စာပေလိုက်စားသူတစ်ယောက်မဖြစ်ခဲ့ဖူးပါဘူး။ သို့ပေသည့် ကျွန်တော် ဆယ်တန်းကျောင်းပြီးလို့ အိမ်ကပ်ရင်း နေ့လည်နေ့ခင်း ပိုနေတဲ့အချိန်တွေမှာ အဖော်ပြုဖို့ စာအုပ်ကလေးတွေ စကိုင်လာခဲ့ဖူးတယ်။ တဆက်တည်းမှာပဲ ကျွန်တော်ရဲ့ ပင်ကိုယ်ဗီဇအရ ကန့်လန့်တိုက် တွေးတတ်လွန်း၍ စာအုပ်တွေ ရွေးချယ်ဖတ်တဲ့အချိန်ဆိုရင် ကိုယ့်ကိုကိုယ်မေးလေ့ရှိတာက "မင်း ဘာသိချင်လဲ၊ ဘာလိုချင်လဲ ဆိုတာထက် မင်းကြုံဖူးလား၊ ကြုံလာနိုင်လား၊ ကြုံအောင် ကြိုးစားလို့ရလားလို့ မေးလေ့ရှိတယ်"။ ဉပမာအားဖြင့် ခရီးသွားမှတ်တမ်းစာအုပ်ကို ကောက်ကိုင်မိရင် ကိုယ့်ကိုယ်ကို မေးလေ့ရှိတာက အဲ့ဒီခရီးကို မင်းကိုယ်တိုင်သွားဖူးလား၊ သွားဖို့ရှိနိုင်လား၊ သွားဖို့ရောကြိုးစားလို့ရလားလို့ မေးကြည့်တယ်၊ အကယ်၍ ရတယ် ငါကြုံဖူးချင်တယ်ဆိုရင် စာအုပ်ထဲက အကြံဉာဏ်အပိုင်းလေးတွေ အတွေ့အကြုံအပိုင်းလေးတွေကလွဲရင် မည်၍မည်မျှလှကြောင်း ဖွဲ့ကြူးထားတဲ့အပိုင်းဆို ကျော်ဖတ်လိုက်တယ်။ တစ်ခါက မိဘမေတ္တာဖွဲ့စာအုပ်ကလေး လက်ဆောင်ရလို့ ဖတ်ရင်းနဲ့မှ ထော်လော်ကန့်လန့်အတွေးက...

လူယုတ်လူညံ့

လမ်းနှစ်လမ်းရွေးစရာပေါ်လာတယ်၊ လမ်းမှား လိုက်မလား လမ်းမှန်လိုက်မလား။ လူမှန်တယ် လမ်းမှန်လည်းရွေးတဲ့လူရှိတယ်၊ လူမှန်ရက် လမ်းမှန်မရွေးနိုင်ခဲ့တာရှိတယ်၊ လူမမှန်ပဲ လမ်းမှန်ပေါ် ဟန်ပြတက်လာတာရှိတယ်၊ လူမမှန်ဘူး လမ်းမှန်လည်းမရွေးခဲ့တာရှိတယ်။ ဒါပေမယ့် ဒီနေရာမှာ ပြောချင်တာက အထက်ကဖော်ပြခဲ့လူတွေအကြောင်းမဟုတ်ဘူး၊ ပွဲကြည့်ပရိတ်သတ်အကြောင်းပြောချင်တာ။ နိုင်ငံရဲ့ လူဦးရေအချိုးအားဖြင့်ပြောမယ်ဆိုရင် ပရိတ်သတ်အရည်အတွက်က ပိုအားသာနေတဲ့အတွက် အဓိကကျတာက ပရိတ်သတ်ပဲလို့ ယူဆနိုင်ပါတယ်။ ပရိတ်သတ်စိတ်ဓါတ်မမြင့်မား နေသေးသ၍ ဘုရားကြွလာရင်တောင် ဒီနိုင်ငံ ဒီလူမျိုး တိုးတက်ဖို့ရာလမ်းမမြင်ပါဘူး။ လမ်းမှားကိုအားပေးတဲ့ပရိတ်သတ်က လမ်းမှားကို အားပေးတဲ့လုပ်ရပ်လုပ်တာ အံ့ဩစရာကို မရှိပါဘူး။ သို့သော် လမ်းမှားတွေလမ်းမှန်တွေမသိပဲ ငါပဲ မှန်တယ်လို့ယူဆနေတဲ့ လူတစ်ချို့အကြောင်း ဒီနေရာမှာ အဓိက ပြောချင်တယ်။ ယနေ့အချိန်ထိ ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက်မှာ နှစ်ကြိမ်ရှိပြီဖြစ်သော အတွေ့အကြုံလေးကို အခြေခံပြီး အတိုချုံးပြောရရင်တော့ ခေါင်းစဉ်အတိုင်းပဲ "ယုတ်မာလွန်းတယ် ယုတ်ညံ့လွန်းတယ်"လို့ ပြောရမယ်ထင်တယ်။ ရာထူး၊ ဂုဏ်၊ ပညာရေး အစရှိတာတွေအားလုံးကို မေ့...

ကိုကို

“ကို”ကလေ၊ “ကို”ကလေ လို့ ကိုက သူ့ကိုယ်သူ နာမ်စားလေးသုံးတိုင်း ကျွန်မ အရမ်းချစ်တာပဲ။ ကျွန်မနဲ့ကိုက အသိကျွမ်းတာ အချိန်အားဖြင့် အရမ်းမကြာသေးဘူးဆိုပေသည့် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိနေကြတာက တစ်ကြောင်း၊ ဘဝနာချင်း ကိုယ်ချင်းစာမိတာကတစ်ကြောင်း၊ အလုပ်လည်း တူတာကတစ်ကြောင်း၊ ပြီးတော့ နောက်တစ်ကြောင်းက ရင်ခုန်တာ။ ဟုတ်ပါတယ်၊ ကျွန်မ ကို့နားမှာနေရရင် ပျော်နေတတ်တယ်။ စိတ်ညစ်ညူးမှု စိတ်ပင်ပန်းမှုတွေ ကိုနဲ့ရှိတဲ့အချိန် မေ့နေတတ်တယ်။ ကိုက ကျွန်မထက် ၂နှစ်သာသာလေးပဲ ကြီးတယ်ဆိုပေမယ့်၊ ကိုက ရင့်ကျက်တယ်၊ တည်ကြည်တယ်၊ မဟုတ်မခံစိတ်နဲ့ အမြဲကာကွယ်တတ်တယ်။ ကို့နှုတ်ခမ်းလေးတွေကို ကျွန်မ မိန်းမောနေမိတတ်တယ်၊ ကို စကားပြောတဲ့အချိန်တွေမှာဆို ကို နှုတ်ခမ်းလေး လှုပ်ရှားစီးဝင်မှုအောက် ကျွန်မ ပျော်ဝင်သွားတတ်တယ်။ ပန်းနုရောင်နှုတ်ခမ်းပါးလေး။ ပါးမို့မို့လေးနဲ့မို့ မွှေးကြူဖို့လည်း ကျွန်မ အခါခါဆုတောင်းမိဖူးတယ်။ ပြီးတော့ အကြည့်၊ စူးရှတယ်၊ ပြတ်သားတယ်၊ ကြည်လင်တယ်။ ရဲညို့ညှို့ မျက်ဝန်းလေး ကို့မှာရှိတယ်။ နေခ ရင် ရဲညိုလေးများထင်းလာတတ်တယ်။ ဆံသားတုတ်ပြီး အညာမှာမွေးသူ ပီပီ အုံကောင်းတယ်။ ကျွန်မ အလွတ်ရပါတယ် ကို့ရဲ့ ကိုယ်သင်းရနံ့နဲ့ ဦးရ...

ရောင်းသူဝယ်သူ

  ပုညသိမ်တော်ကျောင်းက တဒေါက်ဒေါက်ကုလားတက်ခေါက်တာသံက အာမြရဲ့ နားထဲ တဇောင့်ဇောင့်ဝင်ကာ နှိုးတော့တယ်။ သက်ကယ်ခေါင်ပေါက်က အလင်းတစ်ပေါက်နှစ်ပေါက်ကြောင့် မြင်နေရသော ခြင်ထောင်ဘေးက အရံသင့်ထောင်ထားတဲ့ ပလတ်စတစ်ရေဘူးကို လက်နဲ့စမ်းယူပြီး တစ်ညလုံး ဟောက်ထားရတဲ့ အာခေါင်ခြောက်ကို အာမြတစ်ယောက် ရေဆွတ်လိုက်တယ်။ ဗန်းနာနေသောဆံကျေလုံး ခေါင်းအုံးမှ အသာကြွခွာလို့ ခေါင်း မရင်း အာမြတစ်ယောက် စုတ်သက်ထိုးကာ အားယူထလိုက်တယ်။ ဒါဟာ အာမြရဲ့ တစ်နေ့တာ နိစ္စဒူဝအစပေါ့။ ကြမ်းနင်းသံတအိအိနဲ့ အာမြတစ်ယောက် အိမ်အောက် ဆင်ဝင်ကို ဆင်းပြီး အိမ်ပေါက်နဲ့ခြံကြားနေရာမှာ ထောင်ထားသော စဉ့်အိုးထဲကရေနဲ့ မျက်နှာသစ်ပြီးနောက် စဉ့်အိုးဖုံးပေါ်က ဆားနဲ့ဖွဲပြာအရောမှုန့်ကို သွားပေါ်တင်ကာ အားရပါးရ တိုက်ချလိုက်တယ်။ ထို့နောက် အိမ်ပေါ် တစ်ဂျောင်းဂျောင်းတက်ကာ အိမ်ခြေရင်းထောင့်မှာ ပုံထားသော အကြော်ဒယ်အိုးများ၊ စားအုန်းဆီပုံးနှင့် ထမင်းအိုးပိန့်တို့ကို အိမ်ရှေ့တဲထဲ မမယ်အလုပ်မှ ခေါင်းထဲ မနေ့ညနေက ဖြစ်ခဲ့တဲ့ကိစ္စကို အမှတ်ရပြီး အရုပ်ကြိုးပျက် လက်မှိုင်ကျသွားတော့တယ်။ ပါးစပ်ကလည်း ချက်ချင်းဆိုသလို “ဒီ မဿာဝမ်းတွင်းရူး ပါးစပ်သရမ်းထချက်များ သူများထမင်းအိုးပါ တုတ်...

မိန်းမနဲ့ယောက်ျား

Image
  "ဒီအတိုင်းရိုးရိုးသားသားပါ"ဆိုတာ ကုတင်ပေါ်မရောက်သေးသ၍ဆိုတဲ့ စကားဝှက်ပါတတ်လို့ ချင့်ယုံစေချင်တယ်၊ ဒါတောင်မှ ကုတင်ပေါ်ရောက်ရင် ဘာဆက်ဖြစ်မယ်လို့ အာမ မခံဘူးနော်။ သို့ပေမယ့်လည်း "ယောက်ျားတွေ မကောင်းဘူး မကောင်းဘူး" "မိန်းမတွေ မကောင်းဘူး မကောင်ဘူး"အော်နေပြီး ယောက်ျားမယူတဲ့မိန်းမတွေ၊ မိန်းမမယူတဲ့ယောက်ျားတွေရှားသလို အရက်မကောင်းမှန်းသိရက်နဲ့ နှစ်နှစ်ခြိုက်ခြိုက်သောက်နေတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။ အမျိုးသမီးတွေဆိုတာ အားနည်းတယ်လို့ယူဆတတ်ကြပေမယ့် ပြဿနာဖြစ်ရင် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတတ်ကြသော်လည်း အားကြီးပေ့ဆိုတဲ့ ယောက်ျားဆိုတာမျိုးက ထိပ်တိုက်ဖြေရှင်းရမယ့်အခြေအနေမျိုးမှာ ရှောင်ပြေးတတ်ကြစမြဲပဲ။ သူတို့တွေက မိန်းမဘက်က စိတ်ကုန်မှ အတင်းရောကာရော ပြေးဒူးဖက်ကြတဲ့အကျင့်ပါနေတာ၊ မိန်းမတွေဘက်က လက်မခံမှ ယောက်ျားမာနကို သတိတရ ရှိတတ်ကြတဲ့အမျိုး။ တိုင်ပင်အလွဲဆုံးဒီကျားမစိတ်နှစ်ခုမှာ မိန်းမတွေက သဲသဲတုန်နေတဲ့အချိန် ယောက်ျားတွေက သွေးအေးပြတတ်ပြီး၊ မိန်းမတွေ စိတ်ကုန်လို့လှည့်မကြည့်တတ်ကြတော့ဘူးဆိုတဲ့အခါမှ ယောက်ျားတွေက အသိတရားဝင်လာတတ်တာမျိုး။ ဒီလိုလွဲတတ်တာကို ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းမယောက်ျ...