လူယုတ်လူညံ့
လမ်းနှစ်လမ်းရွေးစရာပေါ်လာတယ်၊ လမ်းမှား လိုက်မလား လမ်းမှန်လိုက်မလား။ လူမှန်တယ် လမ်းမှန်လည်းရွေးတဲ့လူရှိတယ်၊ လူမှန်ရက် လမ်းမှန်မရွေးနိုင်ခဲ့တာရှိတယ်၊ လူမမှန်ပဲ လမ်းမှန်ပေါ် ဟန်ပြတက်လာတာရှိတယ်၊ လူမမှန်ဘူး လမ်းမှန်လည်းမရွေးခဲ့တာရှိတယ်။ ဒါပေမယ့် ဒီနေရာမှာ ပြောချင်တာက အထက်ကဖော်ပြခဲ့လူတွေအကြောင်းမဟုတ်ဘူး၊ ပွဲကြည့်ပရိတ်သတ်အကြောင်းပြောချင်တာ။ နိုင်ငံရဲ့ လူဦးရေအချိုးအားဖြင့်ပြောမယ်ဆိုရင် ပရိတ်သတ်အရည်အတွက်က ပိုအားသာနေတဲ့အတွက် အဓိကကျတာက ပရိတ်သတ်ပဲလို့ ယူဆနိုင်ပါတယ်။ ပရိတ်သတ်စိတ်ဓါတ်မမြင့်မား နေသေးသ၍ ဘုရားကြွလာရင်တောင် ဒီနိုင်ငံ ဒီလူမျိုး တိုးတက်ဖို့ရာလမ်းမမြင်ပါဘူး။ လမ်းမှားကိုအားပေးတဲ့ပရိတ်သတ်က လမ်းမှားကို အားပေးတဲ့လုပ်ရပ်လုပ်တာ အံ့ဩစရာကို မရှိပါဘူး။ သို့သော် လမ်းမှားတွေလမ်းမှန်တွေမသိပဲ ငါပဲ မှန်တယ်လို့ယူဆနေတဲ့ လူတစ်ချို့အကြောင်း ဒီနေရာမှာ အဓိက ပြောချင်တယ်။ ယနေ့အချိန်ထိ ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက်မှာ နှစ်ကြိမ်ရှိပြီဖြစ်သော အတွေ့အကြုံလေးကို အခြေခံပြီး အတိုချုံးပြောရရင်တော့ ခေါင်းစဉ်အတိုင်းပဲ "ယုတ်မာလွန်းတယ် ယုတ်ညံ့လွန်းတယ်"လို့ ပြောရမယ်ထင်တယ်။ ရာထူး၊ ဂုဏ်၊ ပညာရေး အစရှိတာတွေအားလုံးကို မေ့...