Posts

Showing posts from June, 2023

လူယုတ်လူညံ့

လမ်းနှစ်လမ်းရွေးစရာပေါ်လာတယ်၊ လမ်းမှား လိုက်မလား လမ်းမှန်လိုက်မလား။ လူမှန်တယ် လမ်းမှန်လည်းရွေးတဲ့လူရှိတယ်၊ လူမှန်ရက် လမ်းမှန်မရွေးနိုင်ခဲ့တာရှိတယ်၊ လူမမှန်ပဲ လမ်းမှန်ပေါ် ဟန်ပြတက်လာတာရှိတယ်၊ လူမမှန်ဘူး လမ်းမှန်လည်းမရွေးခဲ့တာရှိတယ်။ ဒါပေမယ့် ဒီနေရာမှာ ပြောချင်တာက အထက်ကဖော်ပြခဲ့လူတွေအကြောင်းမဟုတ်ဘူး၊ ပွဲကြည့်ပရိတ်သတ်အကြောင်းပြောချင်တာ။ နိုင်ငံရဲ့ လူဦးရေအချိုးအားဖြင့်ပြောမယ်ဆိုရင် ပရိတ်သတ်အရည်အတွက်က ပိုအားသာနေတဲ့အတွက် အဓိကကျတာက ပရိတ်သတ်ပဲလို့ ယူဆနိုင်ပါတယ်။ ပရိတ်သတ်စိတ်ဓါတ်မမြင့်မား နေသေးသ၍ ဘုရားကြွလာရင်တောင် ဒီနိုင်ငံ ဒီလူမျိုး တိုးတက်ဖို့ရာလမ်းမမြင်ပါဘူး။ လမ်းမှားကိုအားပေးတဲ့ပရိတ်သတ်က လမ်းမှားကို အားပေးတဲ့လုပ်ရပ်လုပ်တာ အံ့ဩစရာကို မရှိပါဘူး။ သို့သော် လမ်းမှားတွေလမ်းမှန်တွေမသိပဲ ငါပဲ မှန်တယ်လို့ယူဆနေတဲ့ လူတစ်ချို့အကြောင်း ဒီနေရာမှာ အဓိက ပြောချင်တယ်။ ယနေ့အချိန်ထိ ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက်မှာ နှစ်ကြိမ်ရှိပြီဖြစ်သော အတွေ့အကြုံလေးကို အခြေခံပြီး အတိုချုံးပြောရရင်တော့ ခေါင်းစဉ်အတိုင်းပဲ "ယုတ်မာလွန်းတယ် ယုတ်ညံ့လွန်းတယ်"လို့ ပြောရမယ်ထင်တယ်။ ရာထူး၊ ဂုဏ်၊ ပညာရေး အစရှိတာတွေအားလုံးကို မေ့...

ကိုကို

“ကို”ကလေ၊ “ကို”ကလေ လို့ ကိုက သူ့ကိုယ်သူ နာမ်စားလေးသုံးတိုင်း ကျွန်မ အရမ်းချစ်တာပဲ။ ကျွန်မနဲ့ကိုက အသိကျွမ်းတာ အချိန်အားဖြင့် အရမ်းမကြာသေးဘူးဆိုပေသည့် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိနေကြတာက တစ်ကြောင်း၊ ဘဝနာချင်း ကိုယ်ချင်းစာမိတာကတစ်ကြောင်း၊ အလုပ်လည်း တူတာကတစ်ကြောင်း၊ ပြီးတော့ နောက်တစ်ကြောင်းက ရင်ခုန်တာ။ ဟုတ်ပါတယ်၊ ကျွန်မ ကို့နားမှာနေရရင် ပျော်နေတတ်တယ်။ စိတ်ညစ်ညူးမှု စိတ်ပင်ပန်းမှုတွေ ကိုနဲ့ရှိတဲ့အချိန် မေ့နေတတ်တယ်။ ကိုက ကျွန်မထက် ၂နှစ်သာသာလေးပဲ ကြီးတယ်ဆိုပေမယ့်၊ ကိုက ရင့်ကျက်တယ်၊ တည်ကြည်တယ်၊ မဟုတ်မခံစိတ်နဲ့ အမြဲကာကွယ်တတ်တယ်။ ကို့နှုတ်ခမ်းလေးတွေကို ကျွန်မ မိန်းမောနေမိတတ်တယ်၊ ကို စကားပြောတဲ့အချိန်တွေမှာဆို ကို နှုတ်ခမ်းလေး လှုပ်ရှားစီးဝင်မှုအောက် ကျွန်မ ပျော်ဝင်သွားတတ်တယ်။ ပန်းနုရောင်နှုတ်ခမ်းပါးလေး။ ပါးမို့မို့လေးနဲ့မို့ မွှေးကြူဖို့လည်း ကျွန်မ အခါခါဆုတောင်းမိဖူးတယ်။ ပြီးတော့ အကြည့်၊ စူးရှတယ်၊ ပြတ်သားတယ်၊ ကြည်လင်တယ်။ ရဲညို့ညှို့ မျက်ဝန်းလေး ကို့မှာရှိတယ်။ နေခ ရင် ရဲညိုလေးများထင်းလာတတ်တယ်။ ဆံသားတုတ်ပြီး အညာမှာမွေးသူ ပီပီ အုံကောင်းတယ်။ ကျွန်မ အလွတ်ရပါတယ် ကို့ရဲ့ ကိုယ်သင်းရနံ့နဲ့ ဦးရ...

ရောင်းသူဝယ်သူ

  ပုညသိမ်တော်ကျောင်းက တဒေါက်ဒေါက်ကုလားတက်ခေါက်တာသံက အာမြရဲ့ နားထဲ တဇောင့်ဇောင့်ဝင်ကာ နှိုးတော့တယ်။ သက်ကယ်ခေါင်ပေါက်က အလင်းတစ်ပေါက်နှစ်ပေါက်ကြောင့် မြင်နေရသော ခြင်ထောင်ဘေးက အရံသင့်ထောင်ထားတဲ့ ပလတ်စတစ်ရေဘူးကို လက်နဲ့စမ်းယူပြီး တစ်ညလုံး ဟောက်ထားရတဲ့ အာခေါင်ခြောက်ကို အာမြတစ်ယောက် ရေဆွတ်လိုက်တယ်။ ဗန်းနာနေသောဆံကျေလုံး ခေါင်းအုံးမှ အသာကြွခွာလို့ ခေါင်း မရင်း အာမြတစ်ယောက် စုတ်သက်ထိုးကာ အားယူထလိုက်တယ်။ ဒါဟာ အာမြရဲ့ တစ်နေ့တာ နိစ္စဒူဝအစပေါ့။ ကြမ်းနင်းသံတအိအိနဲ့ အာမြတစ်ယောက် အိမ်အောက် ဆင်ဝင်ကို ဆင်းပြီး အိမ်ပေါက်နဲ့ခြံကြားနေရာမှာ ထောင်ထားသော စဉ့်အိုးထဲကရေနဲ့ မျက်နှာသစ်ပြီးနောက် စဉ့်အိုးဖုံးပေါ်က ဆားနဲ့ဖွဲပြာအရောမှုန့်ကို သွားပေါ်တင်ကာ အားရပါးရ တိုက်ချလိုက်တယ်။ ထို့နောက် အိမ်ပေါ် တစ်ဂျောင်းဂျောင်းတက်ကာ အိမ်ခြေရင်းထောင့်မှာ ပုံထားသော အကြော်ဒယ်အိုးများ၊ စားအုန်းဆီပုံးနှင့် ထမင်းအိုးပိန့်တို့ကို အိမ်ရှေ့တဲထဲ မမယ်အလုပ်မှ ခေါင်းထဲ မနေ့ညနေက ဖြစ်ခဲ့တဲ့ကိစ္စကို အမှတ်ရပြီး အရုပ်ကြိုးပျက် လက်မှိုင်ကျသွားတော့တယ်။ ပါးစပ်ကလည်း ချက်ချင်းဆိုသလို “ဒီ မဿာဝမ်းတွင်းရူး ပါးစပ်သရမ်းထချက်များ သူများထမင်းအိုးပါ တုတ်...