Posts

Showing posts from November, 2021

အိမ်လွမ်းသူ (၁)

  သဲတော-ဝမ်းတွင်း အဝေးပြေးကားလမ်းမဟောင်းကြီးပေါ် ရောက်နေပြီဆိုရင်ဖြင့် မန္တလေးမှ ထွက်လာတာ နာရီနှစ်ပတ်လည်လောက်ရှိနေပြီဟု ကျွန်တော်သိပါတယ်။ ထိုးမှုန့်မလိုင်မုန့်တို့ကို တစီစီ လုယက်စေ◌ျးခေါ်နေကြတဲ့ ဗန်းရွက်စေ◌ျးသည်တို့၏ အသံကို ခေါင်းအုံခဲစွာကြားနေရသဖြင့် ရင်တွင်းကအပူကို ပိုလို့ပင် အရှိန်မြှင့်လာစေပါသည်။ ထို့ကြောင့် ကားပြတင်းမှန်ကာမှ ထိုးဖောက် လာသော မန္တလေး၏ လေပူနေပူကို မျက်နှာလွှဲပေး၍ အဝေးကားအတွင်းရှိ ကျောတစ်နေရာစာမှာ ကျွန်တော်မှေးရန် ကြိုးစားမြဲဖြစ်ပါသည်။ မျက်ရည်ရွှဲလို့ စပ်လာတဲ့မျက်လုံးအိမ်အား ပေကလပ် ပေကလပ်မျက်တောင်ခတ်ပြီး ကျွန်တော် ဟန်ဆောင်နေကြ။ သူစိမ်းတွေကြားထဲ ယောက်ျားတန်မဲ့ မျက်ရည်စမ်းရလောက်အောင်အထိတော့ ကျွန်တော်အရှက် မမဲ့ရဲဘူးလေ။ မတော်လို့ တစ်ယောက်ယောက်ကများ မေးခဲ့ရင်တောင် ငိုရတဲ့အဖြေက မရှိပြန်ဘူး။ ရှိပြန်ကလည်း ဘယ်ကနေ အစ စွဲထုတ်ရမယ် ကျွန်တော်မသိပါဘူး။ ဒါ့ကြောင့် စိမ်းစိမ်းစိုစိုရှိလှတဲ့ ကျောက်ဆည်ရဲ့ အဝေးကြည့် အလှကိုတောင် မသိကျေးကျွန်ပြု၊ မျက်လွှာချပြီး ကျွန်တော် တစ်ရေး အိပ်ဖို့ ကြိုးစားမြဲ ဖြစ်ပါသည်။ ဘယ်လောက်ပဲ ကျွန်တော် ရင်တွင်းအပူနဲ့အအိပ် ရောချပါသော်လည်း သဲတော-ဝမ်းတွင်းအကူး န...

ကျွန်တော်တောင့် မခံနိုင်ခဲ့ပါ

  “ ကျွန်တော် တောင့်မထားနိုင်တော့ဘူး ..” ဒါသည် ကျွန်တော့် စိတ်ထဲမှာသာ ငြီးငြူလိုက်ပြီး ကျွန်တော့်စိတ်ထဲတွင်သာ လမ်းဆုံးပျောက်ကွယ်သွားသော စကားလုံးပါ။ အမှန်အတိုင်းဝန်ခံရရင် အမေ့ကို CDM မလုပ်ဖို့ ကျွန်တော် တားခဲ့ဖူးပါတယ်။ ထိုသို့တားရခြင်း အကြောင်းအရင်းများ များစွာရှိပါသည်။ အမေ့ သည် အဖေရော ကျန်မိသားစုတွေကပါ မှီခိုထားရ တဲ့ တစ်ခုတည်းသော ထောက်တိုင်ဖြစ်ပါသည် ။ မှီခိုထားတယ်ဆိုတဲ့နေရာမှာ နေရာထိုင်ခင်းကအစ၊ စားဝတ်နေရေးအဆုံး အကုန် အကြုံးဝင်ပါသည် ။ ကျွန်တော်ကိုယ်တိုင်က ဒီလိုပြောတယ်ဆိုတာ နိုင်ငံနဲ့ လူမျိုးကို မချစ် လို့ မဟုတ် ခဲ့ပါ ။ သို့သော် နိုင်ငံတော်ကို ချစ်သလို ကျွန်တော့်မိသားစုကိုလည်း ပြန်ကြည့်ရဦးမယ် မဟုတ်ပါ က လား။ ကျွန်တော် တာဝန်ကျစဉ် နေထိုင်ခဲ့သည့် ရွာမှ  ကျွန်တော့်၏ ဒုတိယအမိနဲ့အဖထံမှလည်း  တိုင်းတစ်ပါးထွက်လုနီး မမျှော်လင့်ပဲ ဖြစ်ခဲ့ရသည့် မိသားစုအရေးပေါ်ကိစ္စအတွက် ငွေကြေးအရှုပ် ခေါင်းလွှဲခြင်း ရှိပါသည်။ ထို ငွေခေါင်းလွှဲ ကိစ္စအတွက် ကျွန်တော့်၏ ပုံမှန်လစာအား ထို ဒုတိယအမိနှင့်အဖထံ ထုတ်ယူစေခဲ့ရပါသည်။ ထို့ကြောင့်လည်း သစ်တစ်ပင်ကောင်းမဟုတ်ပဲ ငှက်တစ်သောင်းနားခြင်းရှိသည့် ကျွန်တော့်...

အပေါစားသံယောဇဉ်

  အိပ်မက်တွေကို ကဗျာဖွဲ့မပြနဲ့ကွယ့် အိပ်မက် မက်တယ်ဆိုတာနဲ့တင် လုံလောက်တယ်။ အလွမ်းတွေ စာစီပြဖို့မလိုပါဘူး သတိရနေတယ် ကြားရကတည်းက ဝမ်းသာမဆုံးခဲ့တာပါ။ မိုင်တွေကို တွက်ချက်မနေနဲ့ အချိန်တွေ လက်ချိုးမရေနဲ့။ မျှော်လင့်ချက်အများကြီးအောက်မှာ ငါတို့ ကြာကြာနေလို့မရဘူးလေ။ ကိုယ့်ပြဿနာတွေအကုန် သင်သိဖို့ မလိုအပ်သလို၊ သင့်အနားကလူတွေအကြောင်းလည်း ကိုယ်မမေးမိပါဘူး။ အပေါစားသံယောဇဉ်လေးကိုပဲ ပေါ့ပေါ့ပါးပါးခံစားကြတာပေါ့။ မကောင်းဘူးလား...............

လွမ်းချင်း

  ကြောင်ခြေးနံ့စွဲနေတဲ့ ကြမ်းစုတ်ပျဉ်အိမ်ထောင်ကို လွမ်းတယ်။ ရေဆင်းမှာ ဖြတ်သန်းရတဲ့နေ့တိုင်းဟာ မရိုးနိုင်တဲ့ စိတ်ငြိမ်ဘဝမျိုး။ စပါးစိမ်းနံ့ခြုံထားတဲ့ ရွာအုပ်ကလေးကိုလွမ်းတယ်။ ဘုမ္မဝတီဟာ ရှင်သန်ခြင်းကို မွေးဖွားပေးခဲ့တဲ့ အချိန်မျိုး။ လိပ်စာမရှိသေးတဲ့ အမရာကို လွမ်းတယ်။ ကိုယ့်ဘဝ သင်ခန်းစာကို ငယ်စဉ်ကတည်းက သူခွံကျွေးခဲ့တာပဲ။ ထုံးဖြူဖွေး ခေါင်းလောင်းသံပျံလွင့်ဆဲ ထိုတောင်ကုန်းကိုလွမ်းတယ်။ ဇေယျာမြေသည် တစ်ချိန်က ကိုယ့်အတွက် စိတ်ထွက်ပေါက်ဖြစ်ခဲ့ဖူး။ ဪ......... မေ့ပါ့မလား ကြောင်လှေကားမြို့အတက် ထင်းရှူးတို့ဆီးနှင်းတို့စွတ်ပျံရာမြေ၊ အောက်မေ့ရတာပေါ့ နဝဒေးရဲ့နေဝင်အချိန်တွေ၊ တမ်းတတာပေါ့ သကာတို့ချိုမြရာ သရက်၊အောင်လံမြေ။ ကိုယ်မလိမ်ပါဘူး အပြုံးတွေနဲ့ဖျတ်သန်းခဲ့ဖူးတဲ့ ရေဦးတန့်ဆည်ရေ။ အခုတော့ ရှိုက်သံတိုးတိတ်နေခဲ့တဲ့ ဝန်ရိုးကပ်မြို့တော်လေးမှာ၊ ကိုယ်ဟန်ဆောင် သဘောကျနေခဲ့တာ ကြာပါပြီ။ ဒါသည် ဆယ်ကြိမ်မက ဝန်ခံခြင်းပါ။ #petethou