Posts

Showing posts from August, 2022

ကျွန်တော်ရယ်၊ ဘီးပြုတ်ရယ်၊ ပဌာန်းရယ်

စိမ့်ခနဲ ချမ်းလောက်အောင် ကျောတစ်ပြင်လုံးမှစ၍ တက်လာတဲ့ ကြက်သီးမွှေးညှင်းက အချမ်းဓါတ်ဆိုတာထက်ပိုပါတယ်။ ဝန်ခံပါတယ် ကျွန်တော် ကြောက်နေခဲ့တာပါ။ ကြောက်တာထက်ပိုတဲ့ စကားလုံးများရှိရင် ဒီနေရာမှာ ထပ်တောင် ဖြည့်စွက်လိုက်ချင်ပါသေးတယ်။ ဟုတ်တယ်လေ သရဲတစ္တေဆိုတာ ငယ်ကတည်းက ကြောက်တတ်သော၊ အမှောင်ထုကို မရဲ ခဲ့ပါသော ကျွန်တော့်အတွက် ဒီတော ဒီတောင် ဒီရေမြေ၊ အို.... အခုရောက်နေတဲ့ ဥဩလှောင်ဗွေတို့၊ ကျားခေါင်းတို့ဆိုတာတွေက ရခိုင်ရိုးမရဲ့ အလယ်၊ ထူပေ့ဆိုတဲ့ တောနက်ရဲ့ ရင်ဝကို ရောက်နေပြီကော။ လင်းကတည်းက စားခဲ့တဲ့ မနက်စာ ဆင်ခရမ်းချဉ်သီးနှပ်နဲ့ သလေးကလည်း ဝမ်းရဲ့ဘယ်နားမှာ ကပ်နေမှန်းတောင် မသိတော့ပါဘူး။ မရှိဘယ်ခံနိုင်ပါ့မလဲလေ ပုသိမ်မုံရွာကားလမ်းမကြီးမေးတင်ပြီး လင်းကတည်းကစခဲ့တဲ့ ဒီတောလမ်ခရီးက ရသေ့တောင်အထိ ဖုန်လမ်းတလှည့် ကျောင်သားလမ်းတစ်လှည့်နဲ့ နှင်ခဲ့ရတာ။ များမကြာမီ ခင်ကြောတစ်လျှောက် တောလမ်းကြမ်းကို နှစ်ဘီးတပ်ဆိုင်ကယ် ဂင်တိုကို ဖင်ကြားညှပ်လို့ နှင်ပေဦးတော့ ဦးသချ်တဲ၊ ထိုကနေ တောလမ်းအတက်မှနေ တံခါးကျင်း၊ နောက်တော့ ချောင်းသာတဲစခန်းအထိဆိုတော့ မှောင်ရီပျိုးရော့။ ဆိုင်ကယ်အင်ဂျင်က ငယ်သံပါအောင် ညီးနေသော်လည်း လူမနားနိုင်ပေါင်၊ တာဝန်ဆ...

ရေပုံးနီနီ

တစ်ခါက နှစ်ခါခေါ်ရပြီဆိုရင် ဝက်လိုခေါင်းမာလွန်းတဲ့ ငါဆိုတဲ့ဟာက တွန်းတွန်းတိုက်တိုက်မပြောတော့ဘူးနော၊ တွေ့တာနဲ့ ကောက်ထုချလိုက်ချင်တာ ဘယ်နေရာထိထိ။ ကြက်ခေါင်းဆိတ်ထိမခံလို့ အမေပြောလည်းမရ အဖေပြောလည်းမနိုင်။ သင်းကမှ ငါ့ကို အကဲစမ်းပြီး ပေကပ်ကပ်လုပ်နေတယ်။ ဟောကြည့်လေ။ ပြောရင်းဆိုရင်း ဝါးပိတ်အဖျားကို သံရိုက်တံပြားသွပ်ထားတဲ့ဂေါက်တံနဲ့ ကော်ဂေါက်သီးလုံးကို သူက ဆတ်ခနဲ ရိုက်ချလိုက်တယ်။ ဟို လက်နှစ်ဖျံလောက်က ကျွဲရိုင်းဘူးခွံမြေနှစ်ထားတဲ့ ကျင်းထဲကို မဝင့် ဝင်အောင် အချက်ပေါင်းများစွာ သူရိုက်ပြီးထည့်မယ်လေ။ နာရီ တစ်ချက်ထိုးလောက် ကတည်းက ဆော့လိုက်တဲ့ ဒီဂေါက်သီး။ ဖင်မပူ ခေါင်းမပူ နေကြပ်ကြပ်ဆူနေတဲ့ အောက်မှာ။ အလိုက်သင့်လို့ သူ့အကြိုက် မနက်ကတည်းက လိုက်ဆော့ပေးပြီးသားပဲလေ။ အခုက ကျုပ်အလှည့်။ ဟုတ်တယ် ကျုပ်စကားကို အားနာလို့နားထောင်ပြီး ကျုပ်ပြောတာကို သင်းဆော့ကို ဆော့ရမယ်။ ရင်ချင်းပူးနေတဲ့ သူတို့ကျုပ်တို့ရဲ့ နှစ်အိမ့်တစ်အိမ်ရှေ့မှာ ခရုစာတွေ ဖွေးဖွေးတက်အောင် ထွက်နေပြီလေ။ မနေ့ညက မိုးကြောင့် ရွှံ့ပျော့နေတဲ့အရှိနနဲ့ဆို အခုချိန်လောက် ရွှံ့လုံးလို့ကောင်းတာ ဘယ်အချိန်ရှိဦးမှာလဲ။ ခရုစာကောက် ရွှံ့လုံး၊ ဟော ပြီးတော့ ပျဉ်းတော်သိမ်...

ဗန်ဒါ

 ပြောင်းဖူးကြက်ပေါင်ဖိနပ်ခုံပါး တစ်ဖက်ရယ် ဆင်ကြယ်မြေဝါရောင် ဖိနပ်တစ်ဖက်ရယ်ကို ကျွဲတစ်ဖက်နွားတစ်ဖက်စီး၊ ဗန်ဒါပင်ဖားဖားကြီးအောက်က မြေကတုတ်ပုမှာ ကြက်သားအုပ်မကြီးလို ခြေဗလာကို သုံးပြီး ယပ်၊ ထွက်လာတဲ့ ဗန်ဒါစေ့ခြောက်ကလေးတွေကို အုတ်ကျက်ခဲနီနဲ့ထု၊ အချိုဖြုံန်းအရသာရှိတဲ့ အစေ့တွေကို ပါးသပ်နာထွက်အောင် တစီစီဝါး၊ ဟိုကောင်တွေဟိုကောင်မတွေနဲ့ အံတကြိတ်ကြိတ် ဗန်ဒါစေ့လုယက်သတ်ပုတ်ပြီး တစ်ရက်တစ်ရက် ရွှေဝါတောင့်ဖိုး မနိုင်အောင် ညစ်ပတ်တာလည်း အခါခါ။ မုန့်ဖိုးပေးလည်း မတင်းတိမ်ဘူး ဒီဗန်ဒါစေ့ကိုလေ ၊ စားချင်တာ သွားရည်ယို၊ လေဝေ့တိုင်း ကြွေမလားဟဲ့လို့ မျှော်ရတာ အမော၊ "ဘုတ်"ခနဲ ကြွေသံလေးများ ကြားရင် ရောက်ရာအရပ်ကနေ ပြေးကောက်ရတာ ဟိုက်လို့။ အရွက်က ဆေးဖက်ဝင်တာတွေ ဘာတွေစိတ်မဝင်စားဘူး။ အသီး အဲ့ဒီအသီး။ တိတိကျကျပြောရရင် အစေ့။ ဟုတ်တယ် လက်သည်းတစ်ဆိတ်လောက်ရှိတဲ့ အစေ့အဆံလေးကို မက်တာ။ အပင်က ကိုင်းဆတ်လို့ ဗန်ဒါစေ့စားရင်း ကိုင်းပိသေမယ်လို့ အိမ်ကြီးသူတွေ ရွတ်ဖတ်ပူဇော်တာလည်း မနာဘူး။ မသေခဲ့ဘူး အိမ်ကသူတော်ကောင်းမကြီးတို့ရေ... ဖြစ်နိုင်ရင် ဒီနှုတ်ခမ်းမွှေးတစ်ဖားဖားနဲ့ အခုထက်ထိ ဟိုဟာတွေနဲ့ လုစားချင်နေတုန်းပါပဲ။ အခုတော့ လုစရာမလ...