Posts

Showing posts from July, 2020

ပန်းမကြိုက်သော ဣတ္ထိယ

ခြေဗလာကျင်း ရင်း၍နင်းခဲ့သော ခရောင်းလမ်း ဇရာထောင်းသော်မှမကျေ သို့နှင့်ပင် သူ ပန်းမဝေခဲ့ ကျော့လူ့ဘောင်မာယာကွင်း လေအရူး နွေမြူးလို့ကျီစယ်မှုကြား ဗျာတိဇောင်း ခိုက်ရုံမှမခေ သို့ကြောင့်ပင် သူမျက်ရည်မဝဲ ထက်ဆင်တစ်စအားကိုးစွဲ အပွဲပွဲနွှဲခဲ့သော ဣတ္ထိယ၏အား  မနွဲ့နှောင်းပဲ ရဲရဲဆင် သို့ပေသီကား မရဏ ချည်းကပ်မြဲသာတည့် ဤသည် သင်တို့ကျုပ်တို့ အသိ ဉာဏ်မဲ့မြူလွှမ်းခဲ့သော မီးဖိုဆောင်ဗဟိုပြု ရှိုက်ငင်ပဲ့တင်ထပ်သည်သာတိ။
မတောင့်မတ မကြောင့်မကြ ရတဲ့ အပူမီး ပမာကွဲလျှင် ကွဲလိမ့် အလင်းဓါတ်ကို ယူကား အခွင်းရလိမ့် ဓါတ်အပူကိုမြင်ကား လောင်မြိုက်ခြင်းသာတည်း... မမျှော်မကမ်းပဲ ရတဲ့ မဟူရာညများ ဖိစီးမှု ပမာကွဲလျှင် ကွဲလိမ့် တွေဝေခြင်းကို အဖော်ပြုကား ဆိတ်ငြိမ်ရလိမ့် လွတ်လပ်ခြင်းကိုမြင်ကား အေးမြခြင်းသာတည်း... ထိုညက အိပ်မပျော်ခဲ့ပါ... #PeteThou