Posts

Showing posts from February, 2022

"ဆန်ပြုတ်နှင့်လဲခဲ့သော အရုပ်"

တီး တောက် တီး တောက်.... တီး တောက် တီး တောက်.... "မြင်လား ငါ့ကားက ပိုပြေးတယ်ဆိုတာ ကိုကြီး မင်းယုံပြီဟုတ်" ကျွန်တော်က ခေါင်းကို ဝံ့လို့ ကြွားပြောလိုက်သည်။ "ဟ.... ကောင်ရ မင်းကားက ကော်နဲ့ဆိုတော့ ပြေးတာပေါ့ကွ၊ ယှဉ်တိုက်ကြည့်လိုက်လေ ငါ့ကားက သံပျော့နဲ့လုပ်ထားတာ၊ ဘယ်အကောင့်ကားက တာမလဲဆိုတာ မင်းနောင်ကြဉ်အောင် ပြချင်လွန်းလို့" သူကလည်း မခံပါ။ ၃နှစ်သာ သားဆက်ခြားထားသည့် ကျွန်တော်နဲ့ ကိုကြီးမှာ ရွယ်တူသူငယ်ချင်းလို မွေးကတည်းက သတ်လိုက်ပုတ်လိုက်နဲ့ ကြီးပျင်းလာခဲ့ကြပါသည်။ ပွဲစေ◌ျးထဲတိုးပြီး အဖေကိုယ်တိုင် လိုက်ဝယ်ပေးလိုက်သည့် ကော်ဖတ်ကားအရုပ်ကို ပီတိအပြည့်နဲ့ နှစ်ယောက်သား ကြမ်းပြင်ပေါ် တစ်တစ်ခွခွ ဆော့ကောင်းနေတုန်း တစ်ဖက်အခန်းအိပ်ယာထဲက အမေ့ ချောင်းဟတ်သံ စီစီကြီးက နားထဲတစ်ချက်တစ်ချက် ဝင်လာခဲ့ပါသည်။ "တော်တို့ ဘာခက်နေလဲသိလား။ မရှိတာ မဟုတ်ဘူးရှင့်၊ မသိတာ မသိတာ..." အမေရဲ့ အဖေ့အပေါ် အနိုင်ထက်စီး ကျိမ်းဝါးသံကြီးနဲ့ အတူ ချောင်းသံ အဟွတ်ဟွတ်က ကပ်ပါလာစမြဲ။ အဖေရဲ့ ခွန်းတုံ့ခွန်းလှန့်ခံပြောသံကိုတော့ နည်းနည်းမှ မကြားရပါ။ ၄နှစ်၅နှစ်သား ရှိပြီဖြစ်သော ကျွန်တော်နဲ့ ၇နှစ်၈နှစ်သားအရွယ် ရှိပြီဖြစ်တ...