မတောင့်မတ မကြောင့်မကြ ရတဲ့
အပူမီး ပမာကွဲလျှင် ကွဲလိမ့်
အလင်းဓါတ်ကို ယူကား အခွင်းရလိမ့်
ဓါတ်အပူကိုမြင်ကား လောင်မြိုက်ခြင်းသာတည်း...

မမျှော်မကမ်းပဲ ရတဲ့ မဟူရာညများ
ဖိစီးမှု ပမာကွဲလျှင် ကွဲလိမ့်
တွေဝေခြင်းကို အဖော်ပြုကား ဆိတ်ငြိမ်ရလိမ့်
လွတ်လပ်ခြင်းကိုမြင်ကား အေးမြခြင်းသာတည်း...

ထိုညက အိပ်မပျော်ခဲ့ပါ...
#PeteThou

Comments

Post a Comment

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့