Already Missing

လျှောက်နေကျလမ်းလေးနံဘေး....
ပုရစ်ဖူးများ တွဲခိုနေကြပြီ...
အနာဂတ်လမ်းကို နှလုံးသားထဲထည့် ခံစားကြည့်တယ်....

လွမ်းမိဦးမယ်ထင်တယ်
သူတို့ကိုလေ.....
အဝေးရောက် ခွဲခွာခဲ့ကြရင်...

လွမ်းမိဦးမယ်ထင်တယ်..
ဒီလေပြေ ဒီအငွေ့အသက်တို့....
ခိုခဲ့ရဖူးတဲ့နှလုံးသားတို့....
ရင်းနှီးခဲ့ရတဲ့ အပြုံးပန်းတို့....
အထီးကျန်ရက်စွဲတို့....

လွမ်းမိဦးမယ်ထင်တယ်.....
အောက်မေ့ရဦးမယ်ထင်တယ် ...
ကို့မရှိတော့မယ့် ပတ်ဝန်းကျင်တစ်ခု...

By the constantly passing path,
They, the maroon buds, popping out hanging
Soaking up the upcoming loop of life through the soul...

Sure be yearning for them
When the miles come between us...

Sure be yearning for them
the dancing soul of the vicinity,
being cramped by the warm bosoms,
heartfelt smile sticking in every vision,
and those loneliness occasion...

Sure be yearning for them
Longing for those
The future I ain’t around to be...

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့