ကျွန်တော် မေ့နေသော မသိစိတ်များ နှင့် ကျွန်တော့်ကို မေ့နေသော သိစိတ်များ

ကျွန်တော် မေ့နေသော မသိစိတ်များ နှင့်
ကျွန်တော့်ကို မေ့နေသော သိစိတ်များ
တစ်ပါးလူအပေါ်မှီခိုနေတဲ့ ပျော်ရွှင်ခြင်းတစ်ခုကို
ဖြည့်ဆည်းဖို့အတွက် ကိုယ်မျက်ရည်ကျပေးရမယ်ဆိုရင်
ဆေးလိပ်ဖြတ်ပါလို့ ငိုပြောချင်တယ်
ကိုယ့်အတွက်ရှင်သန်နေတဲ့ သင့်အဖို့
ဝဋ်ကျွေးများကို ရေစက်လို့ခေါင်းစဉ်တက်ရင်း
အံကြိတ်စွာ ဝါးမြိုလိုက်မယ် သို့သော်
သင်ခန်းစာယူပါတော့လို့ တောင်းဆိုချင်တယ်
သင့်နောက်ဆုံးအချိန်ရောက်ခါနီးမှာ
ကျုပ်ရဲ့အမည်ရေရွတ်ခြင်းတစ်ခုတည်းနဲ့တော့
သင့်မေတ္တာကို ကျုပ်မြင်နိုင်မယ် မဆိုသာပေဘူး
ရေစက်မကုန်ခင် ကျုပ်ကို ခွင့်လွှတ်ခဲ့ဦး
အတိတ်တို့က ပစ္စုပန်လောက် မျက်နှာပန်းမလှဘူးဆိုလည်း
အနိစ္စသဘောနဲ့ သစ္စာတရားကို သင်ခွဲခြားဆင်ခြင်ပြီး
တန်ဖိုးသိခဲ့စေခါမူ နှောင်းမှသိတဲ့ ညာဏ် မဖြစ်ပါစေနဲ့လို့
အရှုံးပေး မှာလိုက်ချင်တယ်
ပေးတဲဲ့လက် မကမ်း
ကမ်းသောလက်များကို မပေးခဲ့တဲ့
အမှားများနဲ့လူ ကျုပ်က
ခွေးလေးကြောင်လေးတွေကို မချစ်တတ်ပဲ
အလကားရမယ့် အပေါစားအချစ်များကို
ရမ္မက်ကြီးနေတတ်တာမျိုး

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့