ယိုင်

ကိုယ့်အတွက် လောကကြီးဖြစ်လာကြတာမဟုတ်ဘူးလို့ ဖြေဆည်နေရင်းပဲ
ပြောင်းလဲသွားတဲ့ မိုးတိမ်တစ်ချို့အတွက် အကြောင်းပြချက် မရှာမိတော့ဘူး...
အကောင်းဆုံးလျှောက်လှမ်းရင်းနဲ့ပဲ
ပေးဆပ်မှုတွေ ပိုင်ဆိုင်မှုတွေ ဖြစ်တည်လာကြတဲ့အပေါ်
မကျေမချမ်း မဖြစ်မိတဲ့နောက်
ဘဝထဲက ကိုယ့်အတွက်အကောင်းဆုံးလက်ဆောင်တွေကိုပဲ ဖက်တွယ်တန်ဖိုးထားဖို့ ဆုံးဖြတ်လိုက်တယ်....

ကိုယ်ဟာ အသစ်ပါ
ကိုယ့်အတွက်နေရာပေးထားတဲ့ ကွက်လပ်တိုင်းအတွက်.....

ကိုယ်ဟာ အဟောင်းပါ
ကိုယ်ပြန်မလာတော့မယ့် ရင်ခွင်တစ်ချို့အတွက်.....

သင့်အမြင်မှာ ရိုင်းနေတဲ့ ကိုယ့်ခန္ဓာပိတ်ကားနောက်က ကိုယ်ထမ်းထားရတဲ့ဝန် တနင့်တပိုးကိုသာ ငိုသဲ့သဲ့ ရယ်ကျဲကျဲနဲ့ နှုတ်ဆက်နိုင်ဖို့ အားယူရင်း
ဝမ်းနည်းမှုကို လှိုက်လှဲစွာ ခံစားမိတော့တယ်..

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့