ငိုကြွေးဟစ်အော်သံ လွန်ကဲလွန်းချိန်
အသံကုန်သွားသော တဒင်္ဂများကို
ရေတွက်ရင်း.... အတောင်းညောင်းငှက်များကို
ကိုယ်ချင်းစာတတ်လာတယ်
ဝဋ်ကြွေးပင်လယ်မာယာကြော ကြွယ်လွန်းပြန်တော့
ရိုးမယ်ဖွဲ့ဖို့ ကံမရှိ ကြိယာမရှိ ကတ္တားမရှိ
နားလည်ပေးနိုင်စွမ်း နှင့် တန်ပြန်တုန့်ပြန်ခြင်း
ဆန့်ကျင်ဘက်အချိုးကျမှုများကြား ဆွံ့အနေခြင်းသည်
ပကတိတည်ငြိမ်ခြင်းကို သဘောမသက်ရောက်
တစ်စက်အပိုနဲ့ လျှံမယ့် ပြည့်ရေအိုးပေမို့
ဈာန်လျော သွန်လောင်းမိသော်ငြား
ထိုးနက်မှုများကြား ခနဲ့တဲ့တဲ့နဲ့
ကိုယ်သဲ့ပါရစေဦး

Comments
Post a Comment