ရင်ဘတ်လား?
စိတ်ညစ်လို့၊ ညဘက်အိပ်မပျော်လို့၊ သောက်နေကျ ဆေးကုန်သွားတာကြာပြီလို့ပဲ ကြောင်းပြနေလိုက်မယ်။
သူ တစ်ဆုပ်ဆုပ်အောင့်နေတာ ဘာ့ကြောင့်? သူပဲသိမှာပဲ၊
အဆင်ပြေလား?
လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး မပြေလည်တာတွေပဲ ရွေးဖြေလိုက်မယ်။
နှုတ်က အမှန်တရားကို မစောင့်ပါနဲ့
လိမ်တတ်အောင် သင်ခဲ့တာလည်း အတုမြင်အတက်သင်ပဲလေ၊
ကြိမ်ဖန်များစွာ အလိမ်ခံရသူက ပိုပြီး လိမ်တတ်လာတယ်မဟုတ်လား၊
ဟန်ဆောင်မေးနေဖို့ မလိုပါဘူး
ဟန်လုပ်ဖြေတဲ့အဖြေပဲရနေမယ်...
အပြစ်မယူပါဘူး အဆွေရေ..
ချစ်ဖို့ မုန်းဖို့ဆိုတာ အစကတည်းက အကြောင်းပြချက်မှ မလိုတာပဲ....
အပြစ်များဆေးကြောယုံနဲ့တော့ မျက်နှာ လှည့်မလာပါနဲ့
အပြစ်မလုပ်ခင်ကတည်းက ခွင့်လွှတ်နေပြီးသားမို့
အပင်ပန်းမခံပါနဲ့
ဒီလမ်းလေးအတိုင်းလျှောက်သွားလိုက်
ဘယ်မှ မကွေ့နဲ့နော် ဒီလမ်းအတိုင်း ဖြောင့်ဖြောင့်လေးပဲလိုက်သွား
ဒါဟာ ငါ့နှလုံးသားထဲက ထွက်သွားရတဲ့လမ်းလေ......
Comments
Post a Comment