ဒီစာလေးကို ကျော်သွားလိုက်ပါ
ရေးကတည်းက ရည်ရွယ်သူမဖတ်မှန်းသိသိနဲ့ အမှတ်သည်းခြေမရှိ ရေးထားတဲ့စာလေးမို့ ကျော်သွားလိုက်ပါ။
ဒါဆိုဘာ့ကြောင့်ရေးနေလဲ မမေးပါနဲ့.... သင်ရောကျုပ်ရော တစ်ချိန်တစ်ခါလောက်တော့ မရနိုင်မှန်းသိသိနဲ့ မျှော်လင့်ဖူးတယ်မဟုတ်လား..?
ရည်ရွယ်သူ မဖတ်ဘူးဆိုတာကလည်း မိုးတွင်း မိုးရွာသလို့ မဆန်းတော့ပါဘူး
နှဲ့တာများရင် နဲ့လာတဲ့အထဲမှာ အချစ်နဲ့မထိုက်သူတို့ မပါဘူး
ကျုပ်ကတော့ ဘုန်းကြီးတစ္ဆေလိုပဲ
ပိုသိ ပိုခက်နေလေရဲ့....
ဪ... ဘယ်သူ့ နေနေ သူ့အမည်လေးပဲခေါ်ချင်တာ
ဘာအကြောင်းပြောပြော သူ့အကြောင်းပဲထင်တာ
ဟော ပြောရင်း.. သူ့အကြောင်းကို အဆီမဆိုင် ရေးနေမိပြန်ပြီ...
Comments
Post a Comment