Toast !!

 လာပါ လက်ထဲကဘီယာခွက်ကိုမြောက်လိုက်

အမြှုပ်အစီစီနဲ့ ကြေးနီရောင်ခွက်ကိုယ်စီ ကိုင်မော့လိုက်ရအောင်
ရေခဲရိုက်ထားတာဆိုတော့ ရင်အေးသွားနိုင်ဖွယ်ရာဖြစ်နေမှာပေါ့
ခံစားမိလား စူးရှတဲ့ သူ့အရသာ..
မင်းဘေးက မျက်လုံးတွေကို အကဲဖြတ်ဆန်းစစ်ကြည့်ပါဦး
မျက်လုံးက ပြုံးတတ်တယ်ဆိုတာ ယုံပြီလား..
သူတို့ရော မင်းကို မြင်နိုင်မှာပေါ့
မင်းကိုင်မြှောက်လိုက်တဲ့ခွက်တွေ
မင်းရှေ့က တို့လို့၊ဆိတ်လို့ရတဲ့ အမြည်းအမယ်စုံတွေ
မင်းပါးစောင်ထဲ အားရပါးရ ပစ်ထည့်လိုက်တဲ့ ခြေလေးချောင်းသားပူနွေးနွေး
မင်းမျက်လုံးတွေရော ပြုံးတတ်နေပြီလား...
မင်းရှေ့ကဘီယာခွက်ထဲ သောကတွေထည့်ခတ်ခဲ့ရတယ်
မျက်ရည်ပူတွေက ခွက်အောက်နားစီမှာ ပုံလျက်သား
ပျက်စီးခြင်းငွေ့ရည်တွေ ခွက်နှုတ်ခမ်းမှာခိုနေပြီ..
လာပါ... ငါတို့ စကားစလေးပြန်ဆက်ရအောင်
ဖင်စီခံဝါနေတဲ့ ဆေးလိပ်တို ထပ်မီးညှိလိုက်ပါဦး
သောကအပူတွေ ဘီယာအေးနဲ့မျှောချဖို့
အသောက်အစားသမားဆိုတဲ့ ဆိုင်းပုတ်လေး လည်မှာဆွဲလိုက်ကြဦးစို့.....

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့