ခံစားချက် အစအနလေးများ

 ၁။  မှင်တို့ပြီး

ကလောင်ထိပ်တွင်သာ ကွယ်ပျောက်သွားခဲ့သော 

ဗျည်းသရတွေအများကြီး...

ခံစားချက်အဖြစ် 

သရုပ်ဖော်ခွင့် မရခဲ့ကြတာပဲရှိတာ




၂။ အနှုတ်လက္ခဏာလေးကို မြတ်နိုးမိတယ် 
သူက စစ်မှန်ခြင်းကို အရောင်တင်ပေးနိုင်သတဲ့လေ........



၃။ သင်မနမ်းတော့တဲ့ နှုတ်ခမ်း 
ဆေးလိပ်ဖင်နဲ့သာတေ့နေခဲ့မိတယ်
မဆိုးပါဘူး ခပ်မူးမူးပဲ။

၄။ သူစိမ်းတွေနဲ့ ရင်တွင်းဖြစ်ကိုယ့်ဇာတ်လမ်းလေးတွေပြောရင်း ပုခုံးအပ် ငိုခဲ့တယ်။ မစိုးရိမ်ပါနဲ့ ကိုယ့်ဇာတ်လမ်းသာဆိုပေမယ့်၊ ဇာတ်လိုက်က နင်ပါ။ #petethou

 ၅။ ကိုယ့်မေတ္တာ မမှန်ခဲ့လေလား၊ တစ်ဖက်လူကပဲ ဈေးကြီးလို့လား၊ ကိုယ်ကပဲ ကြေးနည်းပေလို့လားမသိပါဘူး၊ အဆုံးသတ်တိုင်း ကိုယ့်ဘဝကို မုန်းကျန်နေခဲ့တော့တာ။


Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့