ရိုးရှင်းမှုတဲ့

ဘယ်သူကများ အရေးတစ်ယူပေးခဲ့လဲမသိပါဘူး
ကိုယ်တော့ မြတ်နိုးလိုက်တာ လှိုက်လှိုက်လှဲလှဲ။
တစ်ကိုယ်ကောင်းဆန်မှုနဲ့၊
အလေးမထားမှုကြားမှာ ရှိမနေတာတော့ သတိချပ်ပါ။
တစ်ကယ်တော့ သူက
လျစ်လျူရှုခြင်းတို့ရဲ့ ဘေးအစွန်းတစ်နေရာမှာ ဖုံးကွယ်လျှက် တည်နေမြဲနေခဲ့လိမ့်မယ်။
မျှော်လင့်ချက်မဲ့တာနဲ့ ဘာကွာလဲမေးမယ်ဆိုရင်တော့၊ မျှော်လင့်ချက်မရှိတာပါလို့ အားရပါးရဖြေမိမယ်ထင်တယ်။
တစ်ကယ်တော့ စွဲလမ်းမှုကနေ
အရင်းခံလာတယ်ဆိုတာတော့
နာကျည်းစွာ လက်ခံပေးပါရစေ။
ဝန်ခံပါတယ် စွဲလမ်းခဲ့လို့ ရိုးရှင်းခဲ့ရတာပါ။ အလယ်မှာ နာကျင်ခြင်းပေါင်းကူးတံတားလေးတော့
ခံထားတာပေါ့။
၁၉.၈.၂၀၂၁

Comments

Popular posts from this blog

အိမ်လွမ်းသူ (၁)

မဲဆောက်သို့