အင်း…. ပျော်တာပေါ့
ထန်းသီးကျွေခိုက် ကျီးနင်းခိုက်ကို ချော်လဲရောထိုင် ရဲရဲတောက်ပြနေတဲ့ဟာတွေရယ်၊
လုပ်တာချင်းအတူတူ ကိုယ်ကကြီးကြီး သူကသေးသေး ဟိုကအလတ်ဆိုပြီး ခွဲခြား ဂုဏ်ဆာနေတဲ့ဟာတွေရယ်၊
ဘယ်သူတွေဘာဖြစ်ဖြစ် ကိုယ့်အတွက် အခွင့်သာဖို့ချောင်းနေတဲ့ အောင်သိုက်တစ်ချို့တယ်၊ ကိုယ့်ထိမှ ကိုယ့်နာ ခွေးသာသာစိတ်တွေရယ်၊ ဆဲပြဆိုပြရဲပြတောက်ပြမှ ဘုရားထင် နောက်ကွယ်မှာ ဘာအားထုတ်မှုမှ မရှိတဲ့ ကြောင်သူတော်ကြွက်သူခိုးများရယ်၊ နိုင်ငံရေးကိုခေါင်းစဉ်တပ် လူမှုရေး စီးပွါးရေးကြီးပွါးရေး ဘာသာရေး ရောချ ဘာလုပ်လုပ် တင့်တယ်နေတယ်ထင်တဲ့လူတစ်ချို့ရယ်၊ အခုထက်ထိ ပုထွေးကိုအဖေမှတ် အသိမဲ့နေသေးတဲ့ လူတစ်ချို့ရယ်၊ ……………..
အုန်းအုန်းထ ဂျုန်းဂျုန်းကျနေတော့တာ။
ဒါမျိုးကတော့ ဟိုခွေးပုလ္လင်တက်က ပျော်ပျော်ကြီး အားရဝမ်းသာဖြစ်နေဦးမှာ သေချာ။
#petethou
Comments
Post a Comment