အပေါစားသံယောဇဉ်
အိပ်မက်တွေကို ကဗျာဖွဲ့မပြနဲ့ကွယ့်
အိပ်မက် မက်တယ်ဆိုတာနဲ့တင် လုံလောက်တယ်။
အလွမ်းတွေ စာစီပြဖို့မလိုပါဘူး
သတိရနေတယ် ကြားရကတည်းက ဝမ်းသာမဆုံးခဲ့တာပါ။
မိုင်တွေကို တွက်ချက်မနေနဲ့
အချိန်တွေ လက်ချိုးမရေနဲ့။
မျှော်လင့်ချက်အများကြီးအောက်မှာ
ငါတို့ ကြာကြာနေလို့မရဘူးလေ။
ကိုယ့်ပြဿနာတွေအကုန် သင်သိဖို့ မလိုအပ်သလို၊
သင့်အနားကလူတွေအကြောင်းလည်း ကိုယ်မမေးမိပါဘူး။
အပေါစားသံယောဇဉ်လေးကိုပဲ ပေါ့ပေါ့ပါးပါးခံစားကြတာပေါ့။
မကောင်းဘူးလား...............
Comments
Post a Comment