အချစ်သုံးမျိုး
အချစ်ကို သုံးမျိုးရှိတယ်လို့ ကျွန်တော် ယူဆတယ်။ ပေါ့ပျက်ပျက်အချစ်ရယ်၊ လေးနက်နက်အချစ်ရယ်၊ ရင့်ကျက်တဲ့အချစ်ရယ်။ ပြဿနာက ရင့်ကျက်တဲ့အချစ်ပါ။ ချစ်ချင်ယောင်ဆောင်နေတဲ့လူ နှုတ်ဖျားရောက်သွားရင် ပေါ့ပျက်ပျက်အချစ်ကို ရင့်ကျက်တဲ့အချစ်လို့ ဟန်လုပ်ခံရတယ်။ တကယ်ချစ်တဲ့လူအတွက်ကျတော့ လေးနက်တဲ့အချစ်နဲ့အတူ ရင့်ကျက်တဲ့အချစ်က ကပ်ပါလာချင်မှ လာပါလေရော။ ဒီအလွဲလေးတွေက လူနှစ်ဦးအကြား ပြဿနာလေးတွေကို အရင်းခံလေ့ရှိကြတယ်လို့ ယူဆတယ်။ ပြန်စဉ်းစားကြည့်ရရင်တော့ ကျွန်တော်က ပေါ့ပျက်ပျက်အချစ်ကို အချစ်လို့တောင် ခေါင်းစဉ်တပ်ရမှာ အားနာပါတယ်လေ။
25.4.2022
Comments
Post a Comment