တန်ဖိုး
ပေနဲ့ကလောင်ကို ညစ်ထေးသော
အမှိုက်စုတ် တစ်ဖြစ်လွဲစေရန်
ကိုယ်ရည်ရွယ်ရိုး စိုးစဉ်းမျှ မရှိခဲ့၊ မရှိပါ။
သို့ပေသည်လည်း
ရင်တွင်းပဲ့တင်သံ ရှိုက်တိုင်း
စကားလုံး သီကုံးရင်းသာ စွမ်းသာတော့
အပြင်ပန်း ပြည့်ဝသော လူ့ကစော်ကြီးဖြစ်ဖို့
ပေတို့ကလောင်တို့ တန်ဖိုးမဲ့စွာ
စတေးပေးရပြန်ပါပြီ။
မသိသူအတွက် လည်စင်းခဲ့လေတော့
မှင်ဖိုး မဲ့လေသည်။
သိသူအတွက် မှင်နဲ့အတူ
သူစေတသိတ်လေးကို နှမြောတသသ။
23.4.2022
Comments
Post a Comment