လွမ်းစာ
မှတ်မိပါသေးရဲ့။ "ငါ့လိုလူ နင်ရှာမတွေ့တော့မှာစိုးတယ်"ဆိုတဲ့ နင့်ရဲ့စကားလေး။ အဲ့စကားလေးက ကျိန်စာမှန်း ငါမသိခဲ့ဘူး။ အခုတော့ နင့်ရဲ့ရိုးရှင်းမှုနဲ့အတ္တကင်းတာလေးတွေကို ငါအမြဲလို မသိစိတ်ကတစ်မျိုး သိစိတ်ကတစ်မျိုး ချိန်တွယ်ကြည့်တယ်။ ချစ်စရာ တယ်ကောင်းခဲ့ပါလား။ မြတ်နိုးစရာ တယ်ကောင်းခဲ့ပါလား။ အခုတော့ ငါက နင့်ကို အမြဲစကားနာထိုးခဲ့တဲ့ "နင့်ရဲ့ အလေးထားမှုဆိုတာ ငါ့ခြေရင်းလောက် ရှိတာပါ"ဆိုတဲ့ စကားနဲ့အတူ နင်ရဲ့ တီရှပ် အနက်ရောင် အစင်းလက်ရှည်လေးပဲ ငါ့ဘေးမှာ ပုံလျှက်။
11/4/2022
Comments
Post a Comment